32

5.9K 325 27
                                    

" Hobi ငါဘယ်လိုလုပ် ဆေးရုံရောက်နေတာလည်း အခုချက်ချင်းအိမ်ပြန်မယ် "

Hobi ဟာ ဆေးရုံမနက်စာအတွက်ပြင်ဆင်နေချိန် ခုဏထိ အိမ်နေသေးတဲ့ သူဌေးဖြစ်သူစီက အသံကြားလိုက်ရတော့ ကုတင်နားကိုအပြေးလေးသွားလိုက်ကာ..

" သူဌေး မေ့လဲသွားလို့ပါ "

" ငါက ငါလိုလူက ငါ့ခေါင်းကဘာလည်း "

" သူဌေးမမှတ်မိဘူးလား သူဌေးအရက်ပုလင်းနဲ့ ကိုယ့်ခေါင်းကိုယ်ရိုက်ခွဲထားတာ "

" ငါက ငါ့ကိုယ်ငါ "

" ဟုတ်ပါတယ် သူဌေး "

သူပြောလိုက်တော့ စဥ်းးစားဟန်အမှုအရာပြလို့နေတဲ့ သူဌေးဖြစ်သူကိုကြည့်ကာ Hobi တယောက်နားမလည်ပြန်..အခြေအနေက အကောင်းတိုင်းပြန်ဖြစ်နေသည်ကြောင့်ပင်..

" အားးး မစဥ်းစားချင်တော့ဘူး ခုချက်ချင်း အိမ်ပြန်မယ် "

" ဟို ဒေါက်တာ တွေကိုအကြောင်းကြားမှ ဖြစ်မှာ သူဌေး "

" မင်းသူဌေးက အဲ့ ဒေါက်တာ တွေလား ငါလား ငါလုပ်ဆိုလုပ်လိုက် "

" ဟုတ်ကဲ့ သူဌေး "

Hobi တယောက်အခက်တွေ့ပြီလေ.. နာရီကြည့်လိုက်တော့ ဒေါက်တာ တွေ လာကြည့်ချိန်ရောက်တော့မှာမို့ သိမ်းစရာရှိတာတွေကို အချိန်နဲနဲဆွဲကာသိမ်းနေလိုက်တော့ သူထင်သလိုပဲ D. knj ရောက်လို့လာသည်..

" ငါ့ညီ နိုးပြီလား "

" D.Knj ငါ ဆေးရုံကဆင်းမယ် "

အခြေအနေက အကောင်းတိုင်းလို့ထင်နေရပေမယ့် ဒါဟာပုံမှန်မဟုတ်သေးဘူးဆိုတာသိလိုက်တဲ့ D.knj..

J ဟာသူ့ကို အခြားသူနဲ့ပြောရင်သာ ဒေါက်တာ လို့ခေါ်ပေမယ့် သူ့နဲ့စကားပြောရင် Hyung လို့သာခေါ်တက်သည်..

ခုလိုပြောပုံအရဆို ဒါကလည်း J ရဲ့ပြောင်းလဲနေတဲ့ စိတ်အခြေအနေထဲက တခုဖြစ်သည်..
J ရဲ့ အမှုအယာ အပြောအဆိုတွေကို ကြားလိုက်တဲ့ချိန်မှာ Hobi လည်း သဘောပေါက်သင့်သလောက် သဘောပေါက်လို့သွားပြီး..D knj ရဲ့ မျက်နှာကိုကြည့်လိုက်တော့ ဟုတ်တယ်ဆိုတဲ့ အမှုအယာမျိုးပြနေတာကြောင့် သူထင်နေတာမှန်လို့သွားသည်..

Daisy  (complete) Where stories live. Discover now