53

6.9K 305 29
                                        

ညက ပင်ပန်းထားတာကြောင့် မိုးလင်းခါနီးမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ Daisy.. မနက်စောစော Jeon Tae လေးနိုးလို့ငိုသံတောင်သူမကြားတော့ လုံးဝအိပ်ပျော်လို့နေသည်..

Jeon Tae လေးငိုသံကြားတော့ ခဏပဲအိပ်တဲ့ J ဟာ Laptop နဲ့အလုပ်လုပ်နေရင်း ကမန်းကတန်းထကာ ချီလိုက်သည်..

ချီလိုက်တာနဲ့တိတ်လို့သွားတဲ့ သားရဲ့ နဖူးလေးကို အနမ်းပေးကာ ညဝတ်အကျီနဲ့ Diaper ကိုလဲပေးပြီး အပေါ်ထပ်ကနေဆင်းလာကာ အသင့်ဖျော်လို့ထားတဲ့ နို့ဘူးကို ပေါင်အိုးထဲကထုတ်လို့ Jeon Tae လေးရဲ့ ပါးစပ်နားတေ့ပေးလိုက်တာနဲ့ ဗိုက်ဆာနေတဲ့ Jeon Tae လေးက တပြွတ်ပြွတ်မြည်အောင်ကို စို့လို့နေသည်..

နို့တိုက်ပြီးတော့ Jeon Tae လေးကို ချီကာ မနက်နေပြရန် ခြံထဲသို့လမ်းဆင်းလျှောက်ကြတဲ့ သားဖနှစ်ယောက်..

ပုံမှန်ဆို Daisy ကသာထိုအလုပ်တွေလုပ်နေကြဖြစ်ပြီး J ဟာ Jeon Tae လေးကို ချီတဲ့ ချိန်က ခဏတာသာဖြစ်တာကြောင့် အိမ်ရှိအလုပ်သမားများက အံ့သြကာကြည့်နေကြသည်..

သားဖြစ်သူကို ချီကာလမ်းလျှောက်ရင်း ချော့မြူလို့နေတဲ့ J..အဖေဖြစ်သူရဲ့ ချော့မြူနေတာကို သဘောတကျ တခ်ခ်နဲ့ရီလို့နေတဲ့ Jeon Tae..
အနားကိုရောက်လို့လာတဲ့ အိမ်တော်ထိန်းကြီး

" သခင်လေး Jeon မြူနေတာကိုသဘောတွေကျနေတာကြည့်ပါအုံး ချစ်ဖို့ကောင်းလိုက်တာ "

" ဟုတ်တယ် နေ့တိုင်းဒီလိုလေးလမ်းလျှောက်ထွက်ရတော့မယ် သားကအရမ်းသဘောကျနေတာပဲ အိမ်တော်ထိန်းကြီးရေ "

" သခင်လေး Tae ရော အလုပ်တွေလုပ်နေတာလား အိမ်စေတွေလွှတ်ပေးရမလား သခင်လေး "

" မလွှတ်နဲ့ မလွှတ်နဲ့ Daisy အိပ်နေတာ နိုးသွားမှာဆိုးလို့ သားကိုတောင် ကျွန်တော်ခေါ်ထုတ်လာတာ "

"သခင်လေး Tae က ဒီချိန်ထိတောင်အိပ်နေတာလား ညက Jeon Tae လေးရစ်နေလို့လား "

"ဟင် အင်းးဟုတ်တယ် ညက ပင်ပန်းထားလို့ လေ အဲ့တာကြောင်​့ "

" ကလေးတွေက ဒီအရွယ်က ဒီတိုင်းပဲ နေ့နဲ့ညမှားတက်တာသဘာဝပဲ "

Daisy  (complete) Where stories live. Discover now