70

6.5K 280 40
                                        

အချိန်တွေက တဖြေးဖြေး ကုန်လာလိုက်တာ Jeon Tae လေးတောင် အသက် 10 နှစ်ပြည့်ပြီ.. ဒါပေမယ့် သူတို့အိမ်ထောင်ရေးကတော့ အသက်သာကြီးလာတာ ခုချိန်ထိ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ နှစ်ပါးသွားလို့နေသည် .

အမြဲဖြစ်တက်တဲ့ကိစ္စကလည်း တယောက်နဲ့တယောက် သဝန်တွေတိုရာကနေစတဲ့ ဇာတ်လမ်းပဲဖြစ်သည်.. တခါတလေ သားဖြစ်သူက ကြားဝင်ဖြေရှင်းပေးရသေးတာကရှိသေးသည် ..

ဒီနေ့လေးတော့ သူတို့မိသားစုလေးဟာ အားလုံးအလုပ်ကိုယ်စီနားကြပြီး ပျော်ပွဲစားထွက်လာခဲ့ကြသည်..

အလုပ်တွေ ကျောင်းတွေနဲ့ တနေ့တနေ့ ညပိုင်းလောက်မှသာ စုံဖြစ်တက်ကြပေမယ့် ရတဲ့အချိန်လေးမှာတော့ သူတို့မိသားစုလေးဟာ အတူတူ TV ကြည့်တယ်..အတူတူထမင်းစားတယ်..J ဖတ်ပြသမျှစာအုပ်တွေကို သားဖနှစ်ယောက်က ငြိမ်ငြိမ်လေးနားထောင်တက်သည်..

အမြဲလိုလို သားဖနှစ်ယောက်အိပ်ပျော်သွားတက်သေးတာကြောင့် J ဟာ သားဖြစ်သူကိုလည်း ပွေ့ချီကာ အခန်းထဲသို့ပို့ရပြီး သူ့ရဲ့ အချစ်ကြီးကိုလည်းပွေ့ချီကာ အခန်းသို့ခေါ်ရသေးသည်..

ဒီနေ့က မုန့်ပွဲတော်နေ့ဖြစ်တာကြောင့် အလုပ်တွေလည်းနားကြသလို ကျောင်းလည်းပိတ်တာကြောင့် မိသားစုသုံးယောက်မနက်ထဲက ကားတစီးနဲ့ နေရာစုံလျှောက်လည်ကြရင်း ညနေမှာတော့ ဟန်မြစ်နားမှာ ညမီးပန်းဖောက်တာကြည့်ဖို့စောင့်နေကြချိန် Jeon Tae လေးပူဆာတာကြောင့် Daisy ဟာ ရေခဲမုန့်ဝယ်ဖို့ထွက်လာခဲ့သည်.

appa ဖြစ်သူက ရေခဲမုန့်သွားဝယ်ပေးနေချိန်မှာ Daddy ဖြစ်သူနဲ့ ခုံတန်းလေးမှာထိုင်ကာစောင့်လို့နေချိန် အနားကဖြတ်လျှောက်သွားတဲ့ ကောင်မလေးသုံးယောက်ကိုသားဖနှစ်ယောက်လုံးအကြည့်တို့ရောက်မိကာ ခေါင်းပါးစောင်းတဲ့အထိ လိုက်ကြည့်နေမိတယ်..

အနားကိုရောက်လာတဲ့ appa ဖြစ်သူကိုတောင်မမြင်နိုင်သေးမျက်စိတဆုံးတက်ညီလက်ညီငမ်းလို့နေကြတဲ့သားဖနှစ်ယောက်..

" ကြည့်လို့ဝရင် အိမ်ပြန်ကြမယ်နော် "

တဖက်က အသံလည်းကြားရော ချက်ချက်ခေါင်းတို့ကဒီဘက်ပြန်လှည့်လာတာ အပြုံးလေးတွေဖြင့် appa ဖြစ်သူကိုကြည့်နေကြသည်...

Daisy  (complete) Where stories live. Discover now