Tae ဟာ အိမ်ပြန်ရောက်ချိန်မှာတော့ ညကအတော်လေး ညနက်နေပေမယ့် သူ့ကိုအခုချိန်ထိစောင့်လို့နေတဲ့ Jimin ကိုမြင်တော့ တချက်လှမ်းကြည့်လိုက်ကာ..
"ငါ တောင်းပန်ပါတယ် Jimin မင်းကို ငါစိတ်ဆိုးမိသွားတယ် sorry ပါ "
" မလိုဘူး Tae မင်းခုရော အဆင်ပြေရဲ့လား ငါအကုန်သိပြီးပြီ "
" မပြေဘူး Jimin ငါလုံးဝ အဆင်မပြေဘူး "
" Tae "
" ငါ Hyung နဲ့စကားခဏပြောလိုက်အုံးမယ် Jimin "
" အင်း "
Jin အခန်းတံခါးကိုခေါက်ကာ စကားခဏလောက်ပြောဖို့ခွင့်တောင်းလိုက်သည်..
" Hyung J ရဲ့ အခြေအနေက ဘယ်လိုရှိလည်း "
" Jungkook က စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါ အဲ့ရောဂါလဏ္ခက အချိန်အတောအတွင်းတခုမှ ပြန်လည်သက်သာလာနိုင်တယ် ငါ့ညီ အရမ်းကြီးဆိုးရိမ်စရာမရှိဘူး ခု Hyung သူကိုစစ်ဆေးကြည့်ရသလောက်တော့ Jungkook က ပုံမှန်အနေအထားတခုကိုပြန်ရောက်နေပြီ "
" ဒါဆို ကျွန်တော်ကို မမှတ်မိတာကရော "
" Hyung လည်းအဲ့တာကိုစဥ်းစားနေတာ Hyung ရဲ့ အတွေ့အကြုံအရဆို သူက သက်သာတဲ့အနေအထားမှာရှိနေပြီ.. သာမာန်လူလိုမဟုတ်သေးဘူးဆိုရင်တောင် သာမာန်လူလိုပဲဖြစ်နေပြီ "
" ဟုတ် Hyung "
Tae ဟာ J က သက်သာနေတာတောင်သူ့ကိုပဲ မမှတ်မိတာလို့ သိလိုက်ရတော့ စိတ်မကောင်းဖြစ်လို့သွားသည်..
" အရမ်း စိတ်မကောင်းမဖြစ်ပါနဲ့ ငါ့ညီ ဒါက ဆေးပညာချွတ်ရွင်းချက်လည်းဖြစ်နိုင်ပါတယ် မင်းသူနားမှာ အချိန်ပြည့်ရှိနေပေးရင် အနှေးနဲ့ အမြန်သတိရလာမှာပါ "
" ဟုတ် Hyung ကျေးဇူးပါ Hyung နားတော့နော် ကျွန်တော်သွားတော့မယ် ပြီးတော့ Jimin ကိုလည်ယ ကျွန်တော် တောင်းပန်ပြီးပါပြီ Hyung "
" ကောင်းပြီ မင်းလည်းပင်ပန်းနေပြီ နားတော့ "
" ဟုတ် "
..
Tae ဟာ မနက်စောစော J စီကိုထွက်လာခဲ့လိုက်သည်..ဆေးရုံရောက်တော့ J ရှိရာအခန်းသို့လျှောက်လာတော့ အခန်းရှေ့ ရှုတ်ရှုတ်ဖြစ်နေတာကြောင့် Tae ဟာ J များတခုခု ဖြစ်လို့များလားဆိုပြီး ဆိုးရိမ်ကာ အပြေးသွားလိုက်သည်..အခန်းတွင်း အပြင်သွားရန်အပြင်အဝတ်အစားနဲ့ အသင့်စောင့်နေတဲ့ J ဟာ ဆေးရုံက သူနာပြုတွေနဲ့စကားများလို့နေသည်..