လူနာကုတင်ပေါ် လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့ Daisy..သူရဲ့လက်ကလေးကိုကိုင်ကာ ကုတင်ဘေးထိုင်နေတဲ့သားဖနှစ်ယောက်..
" Daisy သတိရပြီလား "
" appa သတိရပြီလား "
" အင်းး J ငါ ရေသောက်ချင်တယ် "
" အင်းခဏလေးမောင်ယူပေးမယ် "
J တယောက် ကမန်းကတန်းထကာ စားပွဲပေါ်ကရေဘူးနဲ့ ရေခွက်လေးယူကာ မြန်မြန်ပြန်ရောက်လာသည်..
" appa အရမ်းနာနေလား "
" မနာပါဘူးသားရယ် "
သားဖြစ်သူစိတ်မကောင်းဖြစ်မှာဆိုးလို့ဟန်ဆောင်ကာပြုံးပြလို့ သူကိုဆုပ်ကိုင်ထားတဲ့လက်ကလေးကိုအနမ်းပေးကာ မနာဘူးလို့လိမ်လိုက်သည်..ထိုအချိန်မပြန်သေးပဲရှ်ိနေသေးတဲ့ Yoongi နဲ့ Jimin ဟာ အခန်းထဲဝင်ဘို့လာသည်..
" Tae သတိရပြီလား နေရတာအဆင်ပြေရဲ့လား "
" ပြေပါတယ် Jimin.. Jimin တခုလောက်အကူအညီတောင်းချင်တယ် "
" ပြောလေ Tae "
" Jeon Tae လေးနဲ့ ငါ့အိမ်မှာလိုက်နေပေးလို့ရမလား မင်းအိမ်ကိုခေါ်သွားစေချင်ပေမယ့် သားကကျောင်းစာတွေလုပ်ရအုံးမှာနဲ့ ကျောင်းလည်းသွားရအုံးမှာလေ အဲ့တာ "
" ငါသိပြီ ဟုတ်ပြီလား "
" သား ဦးလေး Jimin နဲ့ အိမ်ပြန်လိုက်နော် ဒီမှာနေရင်သားပင်ပန်းမယ် "
" appa သားက "
" Jeon Tae "
" ဟုတ် appa "
" ဒါဆိုငါတို့ပြန်တော့မယ်လေ ကလေးကမနက်ကျောင်းသွားရအုံးမှာဆို မိုးချုပ်နေပြီ "
J" ကျေးဇူး Jimin "
J ဘက်က Jimin ကို ကျေးဇူးတင်စကားပြောလိုက်တော့ အံ့သြတဲ့ပုံစံလုပ်ပြကာ ရွဲ့ပြီးပြောသွားသေးတဲ့ Jimin..ဒီတသက်အဲ့နှစ်ယောက်ကတည့်မှာမဟုတ်တော့..
Jimin " အော်ဟော် မင်းလည်းကျေးဇူးတင်တက်တာပဲလား "
J" sry စကားမှားသွားတယ် "
Jimin " ကလေးသွားရအောင် မင်း Daddy က စကားပြောလို့ကောင်းတဲ့ထဲမပါဘူး "
Jimin နဲ့ Yoongi က Jeon Tae လေးကိုခေါ်ကာပြန်သွားကြသည်..အဲ့တော့မှ Daisy ဟာ J ရဲ့ လက်ကိုဆုပ်ကိုင်လို့ငိုချလိုက်ပါတော့သည်.
Daisy ငိုတော့ J မှာ အလန့်တကြား Daisy ရဲ့လက်ကလေးကိုပြန်ဆုပ်ကိုင်ကာ စိုးရိမ်သောအကြည့်တို့ဖြင့်ကြည့်နေမိတော့သည်..