" သခင်ကြီးရယ် အဲ့လိုတော့မလုပ်ပါနဲ့ ကျွန်တော်မှာခင်တွယ်စရာဆိုလို့ဒီသားလေးပဲရှိတော့တာပါ သားလေးကိုတော့ ကျွန်တော်နဲ့မခွဲသွားပါနဲ့ "
"ဒါဆို ငါပြောသလိုလုပ်လေ မင်းငါ့အကြွေးတွေပြန်ဆက် "
" အဲ့ဒါကျပြန်တော့လည်း ခုချက်ချင်းကြီးကျတော့ ကျွန်တော်မှာ အဲ့လောက်ငွေပမာဏမပြောနဲ့ ကျွန်တော်တို့သားဖစားဖို့တောင်အနိုင်နိုင်မို့လို့ပါ"
မိန်းမဖြစ်သူ ကျန်းမာရေးအခြေအနေဆိုးလာချိန်မှာ ဆေးရုံတက်ဖို့ ငွေမရှိတာကြောင့် အမြဲ မြင်းစောင်းကိုလာလာတက်တဲ့ Jungkook ရဲ့ အဖေကိုအရဲစွန့်ကာ ငွေ့ပမာဏအနည်းငယ်ကနေစတင် ချေးယူခဲ့ရာကနေ မိန်းမဖြစ်သူကိုဆေးကုရင် ပမာဏများများလာခဲ့သည်..
" ငါပြောတာရှင်းရှင်းလေး မင်းသားကို ငါတို့နဲ့
ထည့်ပေးလိုက်ရင် မင်းသားက ကျောင်းလဲတက်ရမယ် မင်းအကြွေးတွေလည်းပေးစရာမလိုတော့ဘူး မင်းသားကို ငါတို့ မင်းမြင်းစောင်းကိုလာတိုင်းခေါ်လာပေးမယ် အဲ့ဒါတွေ့ပေါ့ မင်းစဥ်းစား မင်းသားလေးလည်း ကျောင်းတက်ချင်မှာပေါ့ သူများကလေးတွေနည်းတူ "လူကြီးနှစ်ယောက်ပြောနေတဲ့ စကားတွေကို မြင်စောင်းအပြင် အကွယ်လေးကနေခိုးကာနားထောင်နေတဲ့ Taehyung..
လူကြီးပြောသလို ကျောင်းလဲတက်ချင်ပေမယ့် အဖေနဲ့လည်းမခွဲနိုင် အဖေနဲ့ ခွဲနေရင် အဖေဖြစ်သူရဲ့အကြွေးတွေပေးစရာမလိုတော့ရင် အဖေဖြစ်သူ ရသမျှကို ဘူးထဲမထည့်တော့ပဲ ကောင်းကောင်းစားနိုင်တော့မယ်ဆိုပြီးတွေးကာ..
မြင်းစောင်းထဲကိုပြေးဝင်သွားတဲ့ Taehyung လူကြီးနှစ်ယောက်နားသွားကာ အဖေလက်ကိုကိုင်လိုက်ပြီး..
" အဖေ သားကျောင်းတက်ချင်တယ် "
သူ့လက်ကိုဆွဲကာ သူ့ကိုမော့ကြည့်ပြီးပြောလို့နေတဲ့ သားငယ်လေးရှေ့ထိုင်ချလိုက်ကာ
" သား Tae လေး "
" အဖေ သားကျောင်းတက်ချင်တယ် သားကျောင်းတက်ရင် ဦးလေးကြီးက အဖေအကြွေးတွေမယူတော့ဘူးဆို အဲ့တာဆို အဖေဘူးထဲကိုပိုက်ဆံတွေထည့်စရာမလိုတော့ဘူးမဟုတ်လား
