"ကလေး Hyung ဘယ်ချိန်ပြန်လာခေါ်ရမလည်း နေ့လည်ကို "
" ကျွန်တော် 11:30 လောက်ဆိုအတန်းချိန်ပြီးပြီ "
" အင်း Hyung အဲ့ချိန်လာခဲ့မယ် ဒါဆို သွားတော့မယ်နော် "
သူကိုနှုတ်ဆက်ကာ ကားပေါ်ပြန်တက်သွားတဲ့ Yoongi.. သူလည်း ကျောင်းဆောင်ထဲသို့ဝင်လာလိုက်တော့ အနောက်ကနေ ရောက်လို့လာတဲ့ သင်တန်းသူတွေ..
ဘယ်ချိန်ထဲက ခိုးကြည့်နေကြလည်းမသိ အနားရောက်လို့လာကာ အမေးအမြန်းထူကြလေသည်..
G1" ဆရာ အဲ့တာ ဘယ်သူလည်း ချောလိုက်တာ တကယ်သဘောကျချင်စရာကြီး "
G2" ဟဲ့နင်ဘာဖြစ်နေတာလည်း ဆရာ အဲ့တာ ဆရာသူငယ်ချင်းလား သမီးနဲ့မိတ်ဆက်ပေးပါလား"
G3" နင်တို့တွေ အလိုက်ကန်းဇိုးကိုမသိဘူး ဆရာသမီးကိုဖုန်းနံပါတ်လေးပေးပါလား "
G4" ဆရာ သမီးတို့ကိုဘာမှပြန်မပြောယုံထောက်ရင်တော့ ဆရာအဲ့တာ ဆရာချစ်သူလား "
နောက်ဆုံးကျောင်းသူရဲ့စကားကြောင့် ဘာမှမစားပဲသီးကာချောင်းတွေဘာတွေဆိုးလို့လာတဲ့ Jimin..
မိုးလင်းထဲက အိမ်ရှိလူကုန်အထင်လွဲကြတာကတမျိုး ခုလည်းမေးလာပြန်တာကြောင့် သူစိတ်ညစ်ပြီလေ...
G2" ဘာလည်း ဆရာရှိုတယ်ဗျာ ဆရာချစ်သူမဟုတ်လား...ဝါးးတကယ်မိုက်တယ် ဆရာချစ်သူက လုံးဝ အမိုက်စားဘဲကြီးနော်"
G4" ဟဲ့ ကိုယ့်ဆရာချစ်သူကိုဘယ်လိုပြော "
G2" ပြောစရာက ဟာ အဲ့လိုသုံးနှုန်းမှ ရတော့မှာ လုံးဝအလွင့်ကြီး "
jimin တယောက် အချင်းချင်းစကားများနေကြတဲ့တပည့်တွေကြားတိတ်တိတ်လေးရှောင်ထွက်လာခဲ့တော့သည်....
...နေ့လည် ထမင်းစားချိန် 11 မခွဲခင်လောက်မှာ ရောက်လို့လာတဲ့ Yoongi..ကားပေါ်ကဆင်းကာ ကားကိုမှီလို့ ဆေးလိပ်ကိုမီးညှိကာ သောက်လို့နေပြီး Jimin အလာကိုစောင့်နေလိုက်သည်..
ကျောင်းဆောင်ထဲကနေ ကျောင်းသားတွေအုပ်စုလိုက်ထွက်လာကြတဲ့ထဲမှာ ကောင်မလေးတသိုက်ဟာ Yoongi ကိုလည်းမြင်ရော စပ်စလူးနတ်ပူးနေသလိုပဲ အသဲအသန်တွေကြည့်ကြပါလေရော..ဒါကလည်းမနက်က ဆရာ Jimin ကိုအသဲအသန်လိုက်မေးနေတဲ့ ကျောင်းသူမများသာဖြစ်သည်..
