အထက်တန်းဖြေပြီး နောက်တနေ့မှာပဲ စောက်တလွဲဖြစ်သွားတဲ့ လီဆာ့ဘဝကြီး။ အယ်ကိုဟောက ရန်သူပဲ။ လုံးဝမသောက်သုံးသင့်ဘူး။
'' ရှက်လိုက်တာ ... ဘယ်လိုစိတ်နဲ့များ ကိုယ့်ဆရာမကို အဓမ္မကျင့်လိုက်လဲ လီဆာ ''
'' မာမီတို့ကတော့ လုပ်ပြီ။ အဓမ္မကျင့်တာမဟုတ်ဘူးလို့။ တီချယ်မှန်း သိတောင်မသိဘူး။ ညက ပါတီမှာ နည်းနည်းသောက်လာမိလို့ တီချယ်တံခါးထဖွင့်ပေးတာကို ဘယ်သူမှန်းမသိလိုက်တာ ''
တီချယ် ပတ်ချယ်ယောင်း ကတော့ မငိုပဲ မျက်လုံးတွေ ရဲနေသည်။ အံကိုတင်းတင်းကြိတ်ထားတဲ့ တီချယ့်ပုံစံက ကြောက်ဖို့တော့ကောင်းသည်။ တကယ်တော့ လေးစားမှုနဲ့သာ တီချယ်ခေါ်တာပါ။ အသက်က နှစ်နှစ်လောက်ကွာတာကို။
'' သမီး ... ချယ်လေး .. ဖြစ်ပြီးသွားပြီပဲကွယ်။ လီဆာ့ကိုတာဝန်ယူခိုင်းမှာပါ။ ဒင်းအသက်ပြည့်ပြီးပြီလေ ... အရမ်းဝမ်းမနည်းပါနဲ့ ကလေးရယ်။ ပြီးတော့ အန်တီတောင်းပန်ပါတယ် ''
အမှန်တော့ ချယ်လေးဟာ သူမတို့နှင့် ဆွေမျိုးအနည်းငယ်တော်စပ်သေးသည်။ အမဖြစ်သူ ကင်နာနာရဲ့သမီးလေးမို့ ကိုယ့်အဆိုးအဆာကို စာသင်ပေးခိုင်းရင်းက ဒီလိုတွေထဖြစ်တာ။
'' ဟင့်အင်း အန်တီ။ သူလဲ သိလို့ဖြစ်တာမှမဟုတ်ပဲ။ မသိလို့မှားသွားတာ မိန်းကလေးချင်းပဲ သမီးနားလည်ပါတယ် ''
'' မဟုတ်ဘူး ... အဲ့လိုလုပ်လို့မဖြစ်ဘူး သမီး။ သမီးရဲ့သိက္ခာရှိတယ်လေ ... ဘယ်လိုပဲဖြစ်ဖြစ် လီဆာ .. ဟဲ့ လီဆာ ''
ဖရိုဖရဲနဲ့ကုတင်ပေါ်မှာပြန်အိပ်နေတဲ့ ကိုယ့်သမီးကိုယ်ကြည့်ပြီး စိတ်ပျက်သွားသည်။ ချယ်လေး မပြောနဲ့ ... ငါတောင်မလိုချင်ဘူး ဒင်းကို ။
'' ထစမ်း နင် ''
ခြုံထားတဲ့စောင်ကိုခွာပြီး သူ့ခန္ဓာကိုယ်ကြီးကို ထူလိုက်တော့ မကျေမနပ်သံတွေ ပလုံစီလို့။
'' ယူမှာ ... ယူမှာ .. ယူမယ်လို့ပြောနေပြီလေ ... တီချယ့်ကို ယူမှာ။ မနက်ဖြန် မင်္ဂလာဆောင်မယ် ဟုတ်ပြီလား။ အခုတော့ စောက်ရမ်းခေါင်းတွေကိုက်နေလို့ အိပ်ပါရစေ။ မနှောင့်ယှက်ကြစမ်းပါနဲ့လို့ ''
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။