အရင်လိုပဲ ဒါလင့်ကိုဝင်ခေါ်ပြီး အိမ်ပြန်ဖို့အတွက်သွားပေမယ့် ပြန်သွားပြီဆိုတာကြောင့် ကလေးတွေနဲ့သာ အိမ်ကိုပြန်ခဲ့သည်။ တံခါးဖွင့်ဝင်ပြီး အိမ်ထဲကိုရောက်သွားတော့ ဧည့်ခန်းထဲ၌ လီဆာ့အား ဝါးစားမတတ် မျက်ထောင့်နီကြီးနဲ့ ကြည့်နေသော ဒါလင်။
'' ဒါလင် ... ကိုယ့်ကိုမစောင့်ပဲ ဘာလို့ပြန်သွားတာလဲကွာ။ ပင်ပန်းနေပြီလား ... ညစာ ကိုယ်ချက်လိုက်မယ် ''
'' ငါ့အိမ်ထဲက အခုချက်ချင်းထွက်သွား လီဆာ ''
လီဆာအံ့သြသွားသည်။ မနက်ကတောင် ဒါလင်ဟာ သူ့အားချစ်တဲ့အရိပ်အယောင်တွေပါသည့် မျက်ဝန်းတွေနှင့် ပြုံးပြခဲ့သည်လေ။
'' ဘာဖြစ်တာလဲ ဒါလင် ''
'' နင်တော်မှန်း စွမ်းဆောင်နိုင်မှန်း သိပါတယ်။ ဒါပေမယ့် ... ဒါပေမယ့် ငါ့အပေါ်ကိုတော့ မဖောက်ပြန်ဘူး ထင်ခဲ့တာ။ နင့်ကိုယုံကြည်ပေးခဲ့တာ။ နင်ပညာတော်သင်သွားရင်း ပွေခဲ့ရှုပ်ခဲ့တာတွေကို မသိချင်ယောင်ဆောင်ပေးခဲ့တာ နင်ပြင်မယ်လို့ ငါယုံကြည်ခဲ့မိလို့ လီဆာရဲ့ ''
'' ဘာတွေပြောနေတာလဲ ပတ်ချယ်ယောင်း! .. ကျွန်မက ဘယ်သူနဲ့ဖောက်ပြန်ရမှာလဲ ''
'' နင့်ဟာနင် သိ!!! ''
ဒါလင့်အော်သံအဆုံးမှာ သမီးကအော်ငိုသည်။ သမီးကိုလီဆာကောက်ချီတဲ့အခါ ဒါလင်က အတင်းပြန်လုတယ်။
'' ငါ့ကလေးတွေကိုထားခဲ့ပြီး နင်ထွက်သွား ''
'' ကျစ် ... ဘာတွေကိုပြောနေတာလဲကွာ။ ဘယ်မှမသွားနိုင်ဘူး ဒီမှာပဲနေမှာ ''
'' ထွက်သွား!! ''
'' မသွားဘူး ... နှင်လွှတ်ရဲနှင်လွှတ်ကြည့်။ တိုက်တခုလုံးကို ပြောင်းပြန်လှန်ပစ်မယ် ''
ဘာသတင်းတွေကို ဘယ်လိုကြားပြီး သူ့ကိုနှင်ထုတ်နေမှန်းမသိတဲ့ ဇနီးသည်ကိုကြည့်ကာ ခေါင်းခါပစ်လိုက်သည်။ လူတွေက ချစ်မှန်းသိတော့ ဆိုးချင်ကြတယ်။ ဆိုးပါစေ .. ဆိုးစမ်း။ ကြိုက်သလောက်ဆိုး ... ဒါလင်ဖြစ်နေလို့ကို ဟောဒီက လာလီဆာကြီးကချော့ဦးမှာ။
လီဆာ့ကိုစကားမပြောတော့တဲ့ ဒါလင့်ကိုနောက်ကနေ သိုင်းဖက်လိုက်သည်။ ဒါလင်က အမှုအတွက်ထင်ပါရဲ့။ စာအုပ်ကိုသည်းကြီးမည်းကြီးဖတ်နေသည်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။