ဒါလင့်ကို လီဆာချစ်တယ်။ ဒါလင့်ကိုချစ်သလို လီဆာတို့သွေးသားလေးတွေကိုလည်း ချစ်တယ်။ တနှစ်သာသာအရွယ်လေးကိုထားပြီး အလုပ်လုပ်ခဲ့တဲ့ ဒါလင့်ကိုတော့ ဘယ်ရှုထောင့်ကကြည့်ကြည့် နားမလည်နိုင်ဘူး။
'' မိခင်နို့ရော တိုက်ခဲ့ရဲ့လား ဒါလင် ''
'' ခြောက်လထိတိုက်တာပေါ့ လီဆာရယ်။ ဒါက အထူးအဆန်းမှမဟုတ်ပဲ။ ဒီခေတ်မှာ မိခင်တော်တော်များများ ဒီနည်းအတိုင်းပဲသွားကြတယ် ''
'' သူများကလေးတွေကို စိတ်မဝင်စားဘူး။ ငါ့ကလေးတွေပဲ စိတ်ဝင်စားတယ်။ မင်း ဘယ်လိုမိန်းမမျိုးလဲ ပတ်ချယ်ယောင်းရဲ့။ မင်း ငယ်ငယ်တုန်းက မိခင်နို့ကို အပြည့်အဝယူခဲ့တယ်လေ ''
'' ခေတ်မတူတော့ဘူး လီဆာ ''
'' ခေတ်ကိုအကြောင်းပြလို့မရဘူး။ လီယောင်းတို့ကို ထားပါတော့။ ပြီးပြီးသား ကိစ္စတွေကို ဆက်မပြောချင်ဘူး။ အခု သားလေးကိုတော့ မရဘူး။ အာဟာရဓာတ်တွေရော မိခင်မေတ္တာရော အလုံအလောက်ပေးရမယ် ''
'' ... .. .... ''
ချယ်ယောင်း ဘာမှမပြောပဲနေတော့ သူ့အကြည့်တွေက ချယ်ယောင်းဆီရောက်လာသည်။
'' ပြန်မပြောတတ်ဘူးလား ''
'' တိတ်တိတ်နေတော့ .... ကလေးအိပ်သွားပြီ ''
သားငယ်ကို ဖြေးညှင်းစွာချသိပ်ပြီး ကုတင်ပေါ်မှာထိုင်နေတဲ့ သူ့အနားကို ချယ်ယောင်း သွားသည်။
'' ဘာဖြစ်နေတာလဲ။ တခုခုဖြစ်ရင် တို့ကိုပြောပြလို့ရပါတယ်။ မင်း အဆင်ပြေရဲ့လား ''
နွမ်းလျပုံပေါ်နေသည့် သူ့မျက်နှာနုနုကို လက်ဖဝါးဖြင့် ညင်ညင်သာသာ ကိုင်တွယ်ပွတ်သပ်ကာ မေးလိုက်သည်။ သက်ပြင်းချသံ အရှည်ကြီးက တခန်းလုံးဖုံးလွှမ်းသွားသည်။
'' ကိုယ် ပေါ်တူဂီကို ခရီးထွက်ရမယ် ဒါလင်။ ကုန်တိုက်အတွက် ရင်းနှီးမြုပ်နှံသူတွေ လိုအပ်တယ်။ ကိုယ်ပစ်မှတ်ထား ထားတဲ့ အမျိုးသားက ပေါ်တူဂီကို မိသားစုနဲ့ခရီးထွက်မယ်လို့ ကြားတယ်။ ကိုယ် လိုက်သွားပြီး စည်းရုံးကြည့်မလို့ ''
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။