10

3.3K 290 18
                                    

လီဆာ၏ ဖြစ်တည်မှုအား လုံးလုံးလျားလျား မေ့ထားသော ဇနီးရှေ့ မတ်တပ်ရပ်လိုက်သည်။ သူမကတော့ သူမရဲ့အချစ်တွေကိုသာ ဖတ်နေတယ်။

'' ချာဝူဂျင်းနဲ့ ဘယ်လိုပတ်သက်တာလဲ ''

'' ဘာကိုလဲ ... စစ်ဆေးရေးမှုးနဲ့ တရားသူကြီးပဲလေ။ ဘယ်လိုပတ်သက်ရမှာလဲ ''

ဘယ်လောက်ဒေါသထွက်ဖို့ကောင်းသလဲ။ အဲ့ဒီအဖြေက လီဆာ့မျက်နှာကိုမကြည့်ပဲပြောတာ။

'' အဲ့ဒါဆို အဲ့ဒီကောင်က ဘာဖြစ်လို့ သားပြော မယားပြော ပြောသွားတာလဲ ''

'' ဘာ! .... ဘာပြောလို့လဲ ''

'' ခင်ဗျားကို .... ''

စကားတချို့ရပ်တန့်သွားတယ်။ ချာဝူဂျင်းက ငါ့အပိုင် သေချာလား လို့မေးခဲ့တာမလား။ ပြီးတော့ သူဘာပြောခဲ့သေးလဲ။

ဦးနှောက်ကိုအလျင်အမြန်အလုပ်လုပ်ရတယ်။ ဇနီးချောချောရဲ့မျက်ခုံးတွေသည် တွန့်ချိုးလျက်။

'' ပြောလေ လီဆာ ''

'' ဒါလင်က လီ့အပိုင်သေချာလားလို့ ပြောတယ် ''

'' အဲ့ဒါပဲလား ... ပြီးတော့ရော ''

လီဆာက မလိမ်တတ်ဘူး။ လိမ်ရင် နားရွက်တွေ နီလာရော။ မျက်သူငယ်အိမ်တွေလှုပ်ရှားတတ်တယ်။

'' ​အဲ့ဒါပဲ ''

'' ကျစ် ... ကလေးကလားနဲ့။ ငါအခု ဘာအမှုကိုကိုင်နေရလဲ မင်းသိလား ''

'' ဟင့်အင်း ''

'' မူးယစ်ဆေးကို အသက်မပြည့်သေးတဲ့ ကလေးတွေကိုရောင်းချစေတဲ့အမှု။ ပြည့်တန်ဆာလုပ်ခိုင်းပြီး တရားမဝင်အနှိပ်ခန်းတွေ အရက်တုတွေ တင်သွင်းနေတဲ့အမှု။ ငါအားမနေဘူး လီဆာ။ မင်းရဲ့ပေါက်ကရ ကလေးအတွေးတွေကို ငါ လိုက်ဖြေရှင်းမနေနိုင်ဘူး။ လန်ဒန်ကိုသွားမှာဆိုလဲ မြန်မြန်သွားတော့။ အာရုံနောက်တယ် ''

ရှိတယ်လေ။ အမြဲလိုလို ကလေးလိုသဘောထားပြီး လူရာအသွင်းမခံရဘူးလို့ ထင်နေတတ်တဲ့ လူတွေရဲ့ ခံစားချက်။ အဲ့ဒီခံစားချက်က လီဆာ့မှာ ဖြစ်နေတာကြာပြီ။ ချယ်ယောင်း တရားသူကြီးဖြစ်သွားတဲ့အချိန်တည်းက ဆိုပါတော့။

My wife is angry with meWhere stories live. Discover now