ထမင်းဝိုင်းရဲ့ထိပ်ဆုံးနေရာဟာ အရင်ကလွတ်နေပေမယ့် ဒီနေ့မှာတော့ မိန့်မိန့်ကြီးထိုင်နေသူတဦးရှိသည်။ ကလေးနှစ်ယောက်ရဲ့အလယ်ကနေ အသားနွှာပေးနေသော ချစ်ဇနီးချောအား တစိမ့်စိမ့်ထိုင်ငေးရင်း သြော်... ငါ့မိသားစုလေးပါလား ဆိုတဲ့အတွေးက ခဏခဏဝင်လာသည်။ ပီတိစားလို့အားမဖြစ်သော်လည်း ရေတွေချည်း သောက်နေတဲ့လီဆာကတော့ ဗိုက်ပြည့်နေသည်။
'' မစားဘူးလား။ စားပြီးပြန်တော့ ''
'' ဒါလင် ကိုယ်ဒီမှာအိပ်လို့မရဘူးလား။ ကလေးတွေနဲ့ သွားအိပ်ပါ့မယ် ''
'' ကလေးနှစ်ယောက်လုံးက ငါနဲ့အိပ်တာ။ ကလိမ်ကကျစ်ဥာဏ်ကိုသုံးတာရပ်ပြီး မင်းအိမ်မင်းပြန်တော့ ''
'' ဟမ်! ... ကလေးတွေက ဒါလင်နဲ့အိပ်တာလား။ ဘာလို့လဲ ... ဘာလို့အခန်းခွဲပြီး မသိပ်တာလဲ ''
'' ငါးနှစ်ကလေးတွေကို အခန်းခွဲသိပ်ရမယ်။ ငါပြောရင်လည်း ငါ့အလွန်ဖြစ်ဦးမယ် ''
'' မဟုတ်ဘူး ဒါလင်။ ငါးနှစ်က အခန်းခွဲလို့ရပြီလေ ''
ဒါလင်နဲ့အတူ စစ်ပြေငြိမ်းဖို့အတွက် ညှိနှိုင်းမှုအဆင်မပြေသေးပေမယ့်လည်း ဒါတော့ လီဆာနိုင်မှဖြစ်မယ်။ ငါးနှစ်ဆို အခန်းခွဲတော့ပေါ့။ ခြောက်နှစ်ဆို မူလတန်းစတတ်ပြီကွာ။ အဲ့ဒါတွေထက် ပိုအရေးကြီးတာက သူတို့နဲ့အိပ်ရင် လီဆာ ကလေးလုပ်လို့မရတော့ဘူး။
'' ငါ့ကလေးတွေ ငါနဲ့အိပ်တာ ထူးဆန်းလို့လား။ မြန်မြန်စားပြီး ပြန်တော့။ ငါ့မှာအလုပ်တွေပါသေးတယ် ''
'' ကလေးကူထိန်းပေးမယ်လေ ''
'' မလိုဘူး ... နင်ပြန်ဖို့ပဲလိုတယ် ''
'' ဒါဆိုလည်း ပြန်ပါ့မယ်။ မပြန်ခင် သံပုရာရည်လေးတော့ ဖျော်တိုက်ပါဦး။ ဒါလင့်လက်ရာ လွမ်းလို့ ''
သံပုရာရည်ဆိုလို့ သံပုရာရည်ဖျော်တိုက်ပြီးပြန်တော့လည်း ဟိုဝေ့ ဒီဝေ့လုပ်ကာ နှစ်နာရီလောက်အချိန်ဖြုန်းသည်။ လာလီဆာလည်တာလောက်ကတော့ ပတ်ချယ်ယောင်း အိပ်နေတာပဲရှိတယ်လေ။
'' မှောင်လည်း ပြန်။ ငါ့အမှု မနက်ဖြန်စကိုင်ရမှာ။ တလွဲတချော်ဖြစ်လို့ကတော့ မင်းအသေပဲ ''
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။