အေးအေးလူလူဖြတ်သန်းနေတဲ့ အိမ်ထောင်လေးဟာ စည်းချက်ညီညီ ခုတ်မောင်းနေသော ရထားတစီးလိုပဲ။ မိုးရွာတဲ့အခါ ချော်ချွတ်မှုတော့ ရှိသည်။
'' လီဆာ နင့်မိန်းမကလှလိုက်တာ။ နင်နဲ့ ဘယ်လို ညားလဲဟင် ''
ပရောဂျက်ကို အကြမ်းဖျင်းလောက်ဆွဲထားဖို့ ရယ်ရီနဲ့မီနာကို အိမ်ကိုခေါ်လာတော့ ဒါလင့်ရဲ့ အိမ်မှာနေတဲ့ ပုံစံကိုတွေ့ပြီး မေးကြသည်။
'' ငါ့တီချယ်လေ သူက။ စာသင်ပေးရင်း ငါတို့ ညားတာ ''
'' မိုက်လိုက်တာ ... ငါလဲ အစ်မချယ်ယောင်းလို ဆရာမလေးနဲ့သင်ရရင် လီဆာ့လိုပဲ အိမ်ထောင်ကျလောက်ပြီ ''
'' နင့်ကို ပြန်ကြိုက်ပါ့မလား မီနာ။ ကိုယ့်ပုံကြမ်းသာ ထင်အောင်ဆွဲစမ်းပါ။ မူလတန်းကလေးတောင် နင့်ထက်ပုံဆွဲတော်ဦးမယ် ''
'' ရယ်ရီ .. နင်ကအဖြောင့်မကြီးမို့လို့ မသိတာ။ သေချာကြည့် အစ်ချယ်ယောင်းရဲ့ body က တကယ်လှတာနော်။ ပြန်မကြိုက်ရင် ကားတင်ပြေးမှာပေါ့။ မရရင် rape မယ် ''
မီနာ့စကားကြောင့် လီဆာဖင်ကျိန်းသွား၏။ အသီးလာချပေးတဲ့ ဒါလင့်မျက်နှာလေးလဲ ရဲသွားတယ်။
'' ဘာတွေပြောနေလဲ မီနာ။ အစ်မချယ်ယောင်းနဲ့လီဆာ့ကို အားနာစရာ ''
ရယ်ရီကိုပြုံးပြပြီး ဒါလင်က သူ့ဘေးနားမှာဝင်ထိုင်တယ်။ အားတုံ့အားနာဖြစ်နေသော မီနာကိုလဲ အားမနာဖို့ပြောပြီး နေရခက်တဲ့အနေအထားကို ရုန်းထွက်သည်။
'' အားမနာပါနဲ့ ဘာမှမဖြစ်ဘူးလေ။ သူ့စိတ်ထဲရှိတာကိုပြောတာပဲ။ အခုက စာမေးပွဲအတွက် စာကြည့်နေကြတာလား ''
'' မဟုတ်ဘူး အစ်မ။ ကျောင်းပြီးရင် လုပ်မယ့်အလုပ်အတွက် Plan ချနေတာ ''
သူတို့ကြားမှာ ကျပ်ပြည့်တဲ့ရယ်ရီပါနေလို့ တော်သေးတယ်။ ဒါလင်နဲ့ရယ်ရီ စကားကောင်းနေတုန်း အိမ်ရှေ့ကို ကားဝင်လာသည်။
'' ဖေဖေ ''
ကားပေါ်မှဆင်းလာသူတွေက လီဆာ့မိဘနှစ်ပါး။ တကမ္ဘာလုံးပတ်ပြီး ပြန်ရောက်ပြီထင်ပါရဲ့။ လက်ထဲမှာလဲ အထုပ်အပိုးတွေများစွာ။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။