လီဆာ ခိုင်းထားတဲ့ကောင်လေးက သန်း ၁၀၀၀ ပေးရတာနဲ့တန်အောင် တာဝန်ကျေသည်။ သူပေးတဲ့ အချက်အလက်တွေကိုယူပြီး လူးဝစ်အက်ဒ်ဇင် မလှုပ်ရှားခင် သူအရင်လုပ်လိုက်သည်။
ခိုးယူထားတဲ့ပရောဂျက်ဟု စွပ်စွဲ၍မရအောင် အနည်းငယ်ပြောင်းလဲသည်။ သို့သော် လူးဝစ်ကတော့ သူ့ပရောဂျက်မှန်းသိလိမ့်မယ်။ ကိစ္စမရှိ အရာအားလုံးကို အစဖျောက်ထားပြီလေ။
'' ကော်ဖီသောက်မလား ''
'' မသောက်ဘူး ဒါလင်။ အိပ်မပျော်မှာစိုးလို့ ''
'' အလုပ်တွေပါလာတာလား ''
'' အခုပြီးသွားပြီ .. ဒါလင်က မအိပ်သေးဘူးလား ''
စားပွဲပေါ်က ဖုန်းဟာ တုန်ဟီးလာသည်။ ခိုင်းထားတဲ့ကိစ္စတွေပြီးသွားပြီမို့ ဒါလင့်ရှေ့မှာပင် ဖုန်းပြောသည်။
'' ဟယ်လို ''
ဟန်ဘင်းရဲ့ wedding ကို သူတို့ဇနီးမယားအား ဖိတ်ကြားခြင်း။ ဒါလင်နှင့်အတူ လာခဲ့မည်ဖြစ်ကြောင်းပြောပြီး လက်ထပ်ပွဲအတွက် ဂုဏ်ပြုစကားကိုပါ တခါတည်းပြောလိုက်တယ်။ လီဆာ ကလေးသုံးယောက်ရမှ မင်္ဂလာဆောင်ဖူးတဲ့ကောင်ကို ခပ်နှိမ်နှိမ်ပဲ အပေါ်ကဂုဏ်ပြုလိုက်တယ်။ ဒါတောင် ဟိုသုံးယောက်က အခုထိ မစွံ။
'' ဟန်ဘင်းလေ ... friday ကျ wedding တဲ့။ ဒါလင်နဲ့အတူလာဖို့ လှမ်းပြောတာ ''
သူမ သိချင်တာ ဒီလိုသေးသေးမွှားမွှားကိစ္စမဟုတ်။ သူနှင့်ညစာအတူစားသော အမျိုးသားအကြောင်းကို သိချင်သည်။ သူ့လုပ်ငန်း ပါတနာတွေကိုစုံစမ်းတော့လည်း ထိုအမျိုးသားမပါ။
'' ဘာတွေတွေးနေတာလဲ .. အိပ်မယ်လေ ''
ကုန်တိုက်ခွဲတွေကို ဆက်ဖွင့်ပြီး အောင်နိုင်သူအဖြစ် နေခဲ့သည်။ တကယ်လည်း လီဆာနိုင်ခဲ့တယ်။ လူးဝစ်အက်ဒ်ဇင်ရဲ့ ကိုရီးယားက လုပ်ငန်းတော်တော်များများ အပိတ်ခံလိုက်ရသည်။
အစတည်းက လူးဝစ်အက်ဒ်ဇင်ဟာ တရားမဝင်လုပ်ငန်းဖြင့် ကြီးပွားလာသူဖြစ်သည်။ လီဆာ နည်းနည်းလေးလှုပ်ပေးရုံနဲ့တင် သူ၏ညစ်ပတ်တဲ့လုပ်ငန်းတွေက ပေါ်လာသည်။ လူးဝစ်အက်ဒ်ဇင် ဖယ်ရှားခြင်းမစ်ရှင်ပြီးသည့်နောက်မှာ သူတို့ကုန်တိုက်ဟာ ပြန်လည်အသက်ဝင်လာတယ်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။