ရောက်တတ်ရာရာတွေပြောကာ ရှန်ပိန်ခွက်ကို လှမ်းယူဖို့အလုပ် သူ့လက်ပေါ်ကို လက်ချောင်းဖြူဖြူလေးအုပ်မိုးလာသည်။
'' လျှော့သောက် ... မနက်အတန်းတတ်ရမှာ။ လာပေးလို့ ကျေးဇူးနော် ယူဆောအာ။ အဖော် မပါဘူးလား၊ တယောက်တည်းလား ''
ဒါလင့်အကြည့်တွေ အပြုံးတွေက ခုနကလောက်အသက်မပါတော့ပဲ ခပ်စိမ်းစိမ်းလို့ခံစားရတယ်။ ထားပါ .... ဒါကသူ့အပိုင်း။ လီဆာ့အပိုင်းကတော့ အတော်လေးရာဇဝင်ရိုင်းသွားတဲ့အဖြစ်။
'' အစ်ကိုဟန်မင်ဂူနဲ့လာတာ။ မှတ်မိတယ်မလား ဆန်းချက်ဇ်ဟန်လေ ''
'' အင်း ... မှတ်မိတာပေါ့။ ဘယ်တော့လောက် လက်ထပ်ဖြစ်မလဲ ''
'' မသေချာသေးပါဘူး ... နင့်အမျိုးသားလား စစ်ဆေးရေးမှုးချုပ်က ''
မြင်လား .. လီဆာတိုထွာတာလဲမပြောနဲ့။ တခြားသူတွေတောင် တမျိုးမြင်နေပြီ။ အဲ့အိုနာဘဲကြီးကို ငါရိုက်သတ်ချင်လိုက်တာ။
'' မဟုတ်ဘူး ... အစ်ကိုဝူဂျင်းနဲ့ လက်မထပ်ဖြစ်တော့ဘူး ''
'' ဘာဖြစ်လို့လဲ ''
ဒါလင်ဟာ သူ့ကိုမျက်ထောင့်ကနေကြည့်လိုက်မှန်း လီဆာသိတယ်။ မိတ်ဆက်ဖို့ မတ်တပ်ရပ်လိုက်ပေမယ့် ဒါလင့်စကားကြောင့် ဆွံ့အသွားသည်။
'' ဒီလိုပါပဲ .... အဲ့ဒီလိုအခြေအနေဖြစ်သွားတယ်။ မပြန်သေးဘူးမလား ဖေဖေတို့ဧည့်သည်တွေကို မျက်နှာသွားပြချင်လို့ ''
'' မပြန်သေးဘူး ... နင့်ညီမလေးနဲ့ရှိနေမယ်။ သွားလေ ရတယ် ''
'' သူ့ကိုပါ ခေါ်သွားမလို့။ အိပ်ခိုင်းတော့မယ် သူသောက်နေတာ အရမ်းများနေပြီ ''
ပတ်ချယ်ယောင်းလို အတ္တသမားက သူ့ညီမဝမ်းကွဲလေးကိုကျ ဂရုစိုက်ရကောင်းမှန်းသိသားပဲ။ နို့နံ့မစင်သေးတဲ့ရုပ်လေးနှင့် White Dress ဝတ်ထားသောကောင်မလေးကို လက်ဆွဲခေါ်သွား၏။ ဆဌမအာရုံအရ ပတ်ချယ်ယောင်းသည် သူ့ညီမကို သူမနဲ့စိတ်မချ၍ခေါ်သွားခြင်းဆိုတာ သိလိုက်သည်။
'' အဟက် ''
လှောင်ရယ်သံတဝက်ဟာ အပြင်ဘက်ကို ဖွဖွလေးထွက်ကျ၏။ ပတ်ချယ်ယောင်းက တမိုးအောက်က လာလီဆာကို တိတ်တိတ်ပုန်းပေါင်းသင်းဖို့ ကြံစည်နေသလား။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။