ထိုနေ့မှစ၍ လီဆာဟာ ပြောင်းလဲသွားခဲ့ပါသည်။ ကော်ဖီသောက်ပြီး ချက်ချင်းဆေးတာ၊ ဘောင်းဘီအတိုနဲ့တီရှပ်အပွတွေဝတ်တာ၊ ထမင်းစားရင် ပတ်ချယ်ယောင်းရေငှဲ့ပေးမှ သောက်တာမျိုးတွေမလုပ်တော့။
အဲဒီအစား..
style pants ၊ leather skirt ၊ ရိုးရှင်းတဲ့ shirt ၊ long coat တွေကိုသာ ဝတ်ဆင်တယ်။ ဒါပဲလားဆိုတော့ မဟုတ်သေးဘူး။ ချယ်ယောင်း အိမ်ပြန်မရောက်ခင် အိမ်သန့်ရှင်းရေးအကုန်လုပ်ပြီးသား။ ညစာမစားတဲ့ သူမအတွက် အသီးမျိုးစုံအပြင် သူ့အတွက်ပါ ညစာမချက်ရတော့။
'' လီဆာ ''
'' ဟုတ်ကဲ့ ဒါလင် ''
'' နေကောင်းလား ''
'' ကိုယ်မပူဘူး ... ရင်တော့ပူနေတယ်။ ခုနက အစပ်စားတာများသွားလို့ဖြစ်မယ် ''
လီဆာမမြင်အောင် တဖက်သို့လှည့်ကာ ပြုံးလိုက်သည်။ အေးပေါ့လေ ဘယ်လောက်ပဲလူကြီးဆန်အောင်နေပါစေ။ ကလေးအရွယ်ဆိုတာ ဖုံးကွယ်ထားလို့မှမရတာ။ စကားထဲက ဇာတိပြတာပေါ့။
'' ရင်အေးသွားအောင် ဖရဲသီးဖျော်ရည်လေး သောက်မလား။ ငါဖျော်ပေးမယ် ''
'' နေ .. နေ ။ လီဟာလီ ဖျော်မယ်။ ဒါလင်ရော သောက်ဦးမလား ''
ဂုတ်ထောက်ဆံပင်လေးကို မြှောက်စည်းထားပြီး တီရှပ်အဖြူအပွနှင့်ကောင်မလေးရဲ့ တအားလူကြီးဖြစ်ချင်နေတဲ့ပုံစံက ရယ်ဖို့ကောင်းသည်။ ချစ်ဖို့လဲ ကောင်းသည်။ အများကြီး လိမ္မာသွားတာပဲ။
'' အင်း ... တို့အတွက်ပါဖျော်ပေး ''
ဆိုနာ့အကြံအတိုင်း နှစ်ပတ်အတွင်းပြောင်းလဲခြင်းသည် အလုပ်ဖြစ်တယ်ဟု ပြောရမည်။ အခုကြည့်လေ ... ငါလို့သုံးနေကြ ဒါလင်ဟာ ယခု တို့ လို့ ပြောင်းလဲသုံးစွဲသွားသည်။ ဒါ့ကြောင့် ဆိုနာက... ။
'' ငါ့ကိုယုံစမ်းပါ လီဆာ။ ဝမ်ဆိုနာအကြံ ကုဋေတသန်းမကတန် တဲ့။ စောင့်ကြည့်လိုက် နင့်ကို အစ်မချယ်ယောင်းက လေးလေးစားစားဆက်ဆံလာလိမ့်မယ် ''
ဖရဲသီးဖျော်ရင်း ဆိုနာစကားတွေ ခေါင်းထဲရောက်လာတယ်။ အစေ့မပါတော့တဲ့ဖျော်ရည်ကို ဖန်ခွက်နှစ်ခွက်ထဲထည့်ပြီး သူမဖို့တခွက်ပေးလိုက်တယ်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။