ငါးနှစ်ကြာပြီးသောအခါ....။
ဒါလင့်ကို ဘယ်ကမ္ဘာမှာ သွားဖွက်ထားရင် ကောင်းမလဲ။ သုံးဆယ့်ခုနစ်နှစ်အရွယ်မိန်းမဟာ ရင့်ကျတ်တဲ့အလှတွေဖြင့် တလက်လက် တောက်ပကာ လူပုံအလယ်မှာ အထင်းသား။ လွန်ခဲ့တဲ့နှစ်နှစ်က လီဆာအလုပ်ပြန်လုပ်ခဲ့သည်။ အတော်ကြာ အနားယူခဲ့သည်မို့ လုပ်ငန်းတွေကို ပြန်လေ့လာရတယ်။ စီးပွားရေးသမားတွေက မျက်နှာဖုံးစွပ်ထားတဲ့လူတွေချည်းပဲ။ လီဆာတို့ ကုန်တိုက်ဟာ ကိုရီးယားနှင့်အာရှတခွင်မှာ နေရာရလာတော့ တိုက်ခိုက်ချင်သူ များလာသည်။
ဟန်ဘင်းရဲ့ Brand အသစ်မိတ်ဆက်ပွဲကို ဒါလင်နှင့်လီဆာ အတူတွဲတတ်လာသည်။ လီဆာ့ကိုကျော်လွန်၍ ဒါလင့်ကိုနှုတ်ဆက်လာသူတွေဟာ အများစုက ယောကျာ်းသားတို့ဖြစ်၏။ သဝန်တိုခြင်းကို အံကြိတ်မြိုချပြီး လီဆာပြုံးတယ်။ ပြုံးတယ် .. ပြုံးနေတုန်းပဲ .. ပြုံးထားသေးတယ်။
'' ဒါလင် အရမ်းမလှစမ်းနဲ့။ ကိုယ်မကြိုက်ဘူး ''
ဟုတ်တယ်လေ။ တချို့လူတွေက ကလေးအမေ ဘာညာသိတာမဟုတ်ဘူး။ လှတာလေးများတွေ့ရင် သရေတွေကျပြီး ငမ်းနေရော။ လီဆာက သဝန်တိုတတ်တယ်။
'' ချစ်ဖို့ကောင်းလိုက်တာ .. အခုက တို့ကိုသဝန်တိုနေတာပေါ့ ''
လီဆာ့ပါးတဖက်ကိုနမ်းပြီး ဒါလင်ဟာ ကျီစယ်လေရဲ့။ လီဆာ့အူတိုမှုတွေကို အနမ်းတချက်ဖြင့် ပြေပျောက်စေသည်။ ဒါလင်က လီဆာ့အသက်ရှည်ဆေးလေး။
ဟန်ဘင်းတို့လင်မယား လီဆာတို့အနားကိုရောက်လာတယ်။ ဒါလင်နဲ့ဟန်ဘင်းဇနီး စကားလက်ဆုံကျနေတာကို လီဆာပြုံးပြီးကြည့်နေမိသည်။
'' လီဆာ အစ်မချယ်ယောင်းကို နင်တကယ်ချစ်နိုင်တာပဲ။ နင့်မျက်လုံးတွေကလေ အစ်မကို အရမ်းချစ်နေပါတယ်လို့ အသံမထွက်ရုံတမယ်ပဲ။ အချစ်တွေ ဖိတ်ကျနေပြီ ''
'' ဒါပေါ့ ... ဒါလင့်ကို ငါတကယ်ချစ်တယ်။ သူမက ငါ့အိမ်မက်၊ ငါ့အနာဂတ်နဲ့ ငါ့ရဲ့ပစ္စုပ္ပန်တွေလေ။ ငါတို့မှာ သိပ်ပျော်ဖို့ကောင်းတဲ့ မိသားစုလေးရှိတယ်။ အဲ့ဒီမိသားစုလေးက ဒါလင်ဖန်တီးပေးထားတဲ့ ကောင်းချီးတွေပေါ့....
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။