11

3K 274 64
                                    

လီဆာဟာ ချာဝူဂျင်းကိုမကြိုက်။ ဤခရီးစဥ်၌ ချာဝူဂျင်းမပါလည်း ကိစ္စမရှိ။ ကြီးမားတဲ့ မှုခင်းကိစ္စမဟုတ်ပဲ တရားရေးချုပ်ရဲ့ အမွေကိစ္စ သက်သက်ပင်။

'' ကျွန်မတို့ချည်းပဲ သွားလိုက်ပါ့မယ်။ ဆိုးလ်နဲ့ ဂျောင်းဂျူကလည်း အရမ်းဝေးတာမှမဟုတ်တာ။ စစ်ဆေးရေးမှုးချုပ်ချာ မလိုက်လဲ ရပါတယ် ''

အိမ်ထောင်ဆိုတာက တဦးနှင့်တဦး လေးစားရမည်။ လီဆာမကြိုက်သောသူကို ခပ်ခွာခွာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် လီဆာကသာ ကိုယ့်ဇနီး။

'' တရားရေးချုပ်ကို ဂါရဝပြုဖို့တော့ လိုက်ခဲ့မယ် ချယ်လေး။ ပြီးရင် အစ်ကိုပြန်မယ် ''

ရည်မွန်စွာ တောင်းဆိုပြန်တော့လည်း မငြင်းနိုင်။ သူမတို့ ဂျောင်းဂျူကို အတူသွားခဲ့သည်။

တရားရေးချုပ်ရဲ့ခြံဝန်းက အတော်အသင့်သာ ကျယ်ဝန်းသည်။ ခမ်းနားတာထက် နေချင်စဖွယ်ကောင်းသည်။ တလဆိုတာက ဒီအမှုတခုတည်းမဟုတ်ပဲ ဂျောင်းဂျူရဲ့နာမည်ကြီးနေသော အမှုကို ကူညီဖို့အတွက်လည်းဖြစ်သည်။

'' တရားသူကြီးပတ်ဆိုတော့ အသက်ကြီးပြီထင်နေတာ။ ငယ်သေးတာပဲ ''

'' ဟုတ်ကဲ့ တရားရေးချုပ် ''

'' အနားယူလိုက်ပြီမို့ အဖိုးလို့ပဲ ခေါ်ပါ။ ဒါဖြင့် တရားရုံးကို အရင်သွားကြမလား ''

'' အမွေကိစ္စကို အရင်လုပ်ချင်ပါတယ် ''

'' လုပ်ကြတာပေါ့ ''

သေတမ်းစာရေးပြီးသားကို ကူးယူပြီး ညီတူညီမျှ ခွဲဝေသည်။ တရားရေးချုပ်နှင့်ဇနီး သေဆုံးမှသာ အပြည့်အဝရစေပြီး အခုအချိန်မှာ အသိမပေးထား။

အမွေကိစ္စဟာ ထင်သလောက်တော့ မကြာခဲ့။ လေးရက်အတွင်း ပြီးစီးခဲ့သည်။ အမွေကိစ္စပြီးဆုံးတော့ တရားရေးချုပ်အိမ်မှာ မနေတော့ပဲ တရားရုံးမှ တည်းခိုဆောင်ကို ပြောင်းရွေ့နေထိုင်ခဲ့သည်။

'' အမှုက ဘာအမှုလဲ ''

'' child abuse တဲ့ အစ်မ ''

'' ခက်လိုက်တာ။ လူစိတ်မရှိတဲ့ကောင်တွေ ''

My wife is angry with meWhere stories live. Discover now