တရွေ့ရွေ့တိုးလာတဲ့လူတွေက ဘယ်သူတွေလဲ။ လီဆာ့ကိုစကားပြောဖို့ တောင်းဆိုနေကြတယ်။
'' သူတို့က ဘယ်သူတွေလဲ ''
'' အကုန်ရိုက် .. ပြီးမှ ရှင်းကြမယ် ''
ချက်ချင်းဆိုသလို လီဆာ့ရင်ခွင်ထဲ ဒါလင့်ကို ဆွဲထည့်လိုက်တယ်။ ဒါလင်ဟာ လူကောင်သေးသေးလေးမဟုတ်လို့ ရသမျှအင်အားနဲ့ ဖွက်ထားရတယ်။
ဦးခေါင်းကအစ တကိုယ်လုံးနီးပါး ကျိုးကြေသွားမတတ် ရိုက်နှက်ပြီး အမည်မသိသောလူတွေ ပြန်သွားကြသည်။ လီဆာ့ခေါင်းမှာ သွေးရဲရဲနီလို့။ အသိရှိနေသေးတဲ့သူဟာ သူမရဲ့တကိုယ်လုံးကို လွတ်ထွက်မသွားအောင် ပွေ့ဖက်ထားသည်။ သူ့ရင်ခွင်အတွင်းကနေ ရုန်းလို့မရအောင်ပင် တင်းကြပ်စွာ ဖက်ထားခဲ့သည်။ ရိုက်ချက်တွေရပ်စဲသွားတာတောင် သူ့လက်တွေပြေလျော့မသွား။
🚑🚑🚑
သူမရဲ့အင်္ကျီမှာ သွေးများမြင်မကောင်းအောင် နီစွေးလျှက်။ သူမမျက်လုံးတွေကလည်း သွေးအရောင်တွေဖုံးလွှမ်းနေသည်။ သူမ ငိုချင်သည်။ အသက်ရှုလို့မရတဲ့အနေအထားကနေ အော်ဟစ်ငိုကြွေးပစ်ချင်သည်။
အသက်တောင် ပြင်းပြင်းမရှုရဲ ၊ မရှုနိုင်။ သူသာ တခုခုဖြစ်သွားရင် ....။ မစဥ်းစားရဲသည့် အတွေးတို့ကို ခေါင်းခါပစ်ပြီး ယုံကြည်ရာ ဘုရားသခင်ဆီသာ တိုင်တည်မိတယ်။
ပေါင်းသင်းလာတဲ့ ဆယ်နှစ်မှာ လီဆာ့ကို သူမချစ်ပါသည်။ သူ့ထက်မပိုရင်တောင် မလျော့သောမေတ္တာတွေ ပေးခဲ့ပါသည်။ သူမမျက်စိရှေ့မှာ သူမရှိရဲ့သားနဲ့ ထိခိုက်သွားသောဇနီးကို ဘယ်လိုကာကွယ်မှုမျိုးမှ ချယ်ယောင်းလုပ်မပေးနိုင်ခဲ့ဘူး။
'' ချယ်လေး ... လီလီရော ''
သူ့မိဘတွေထက်အရင် သူမရဲ့မိဘတွေရောက်လာတယ်။ ခွဲစိတ်ခန်းကို လက်ညိုးထိုးပြပြီး ချယ်ယောင်းအသံမထွက်နိုင်။
'' ဘာတွေထိခိုက်သွားလဲ။ အသက်အန္တရာယ် စိုးရိမ်ရလား ''
မေမေ့မေးခွန်းကို ချယ်ယောင်းခေါင်းခါပြလိုက်တယ်။ ဆရာဝန် ဘာတွေပြောသွားလဲဆိုတာကို ချယ်ယောင်းမမှတ်မိဘူး။ သူမအင်္ကျီက သွေးတွေဟာ သူ့ခန္ဓာကိုယ်က သွေးတွေလို့တွေးမိရုံနဲ့တင် လူက ရူးချင်လာသည်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။