လီဆာအရိုက်ခံရတဲ့အမှုကို ဘာမှမဖြစ်သလို အပြီးပိတ်လိုက်သည်။ လုပ်တဲ့လူကိုသိနေတာပဲ .. ကိုယ်လည်း သူ့အပေါ်လွန်တာမို့ ရန်ငြိုးတွေကို မရှည်စေချင်တော့ဘူး။ လီဆာ့ဆန္ဒကို ဒါလင်က လက်ခံပြီး အမှုပိတ်လိုက်တယ်။
'' ဒီအခြေအနေဆို စိတ်ချရပါပြီ။ အလုပ်ပြန်လုပ်တော့ ''
လူကြားကောင်းအောင် ပြောနေမှန်းသိလို့ ဒါလင့်ပါးလေးကို သူ့နှာခေါင်းနစ်ဝင်တဲ့အထိ နမ်းလိုက်တယ်။ တနှစ်ကျော်ပြီဖြစ်တဲ့ လီယွန်ဇေးလေးကလည်း လမ်းလျှောက်တတ်ခဲ့ပြီ။ လီယောင်းလေးနဲ့ နိုယောင်းလေးကလည်း သူတို့ဟာသူတို့ နေတတ်တဲ့အရွယ်ကိုရောက်လာတော့ လီဆာတို့ဇနီးမယား အရင်လိုအလုပ်မများတော့ဘူး။
'' ဒါလင်က ကိုယ်နဲ့ခွဲနိုင်တယ်ပေါ့။ ဒါလင် ခွဲနိုင်ရင်တောင် ကိုယ်မခွဲနိုင်လို့ အလုပ်မသွားချင်သေးဘူး။ ချစ်ဇနီးကလည်းကွာ .. ကိုယ်တို့အခုမှအတူနေရတာလေ ''
တကယ်လို့ အလုပ်ပြန်ဝင်မယ်ဆိုရင်တောင် ချယ်ယောင်း လွှတ်မှာမဟုတ်။ တချိန်လုံး အနားကပ်ပြီး လိုက်နမ်းနေတဲ့သူ့ကို ခပ်ငေါက်ငေါက်လေးဆူတော့ စကားတတ်တဲ့သူက ထိုသို့ပြန်ပြောသည်။
'' ချစ်လား ဒါလင် ''
'' မချစ်ဘူး ... ယူ့လက်ကို အခုချက်ချင်း အင်္ကျီထဲကထုတ်နော်။ စိတ်မဆိုးချင်ဘူး ''
'' ဖွဖွလေးကိုင်မယ်လေ .. ဒါလင်လုပ်စရာရှိတာလုပ် ''
လူပျို့လက် ဝက်မြီးမဟုတ်ဘူး၊ လာလီဆာ့လက် ဝက်မြီး။ သူပြောတဲ့ ဖွဖွလေးကိုင်မယ်ဆိုတာကို ယုံကြလား။
'' ကုတင်ပေါ်သွားမယ်လေ ဒါလင် ''
'' မသွားဘူး .. လွှတ်နော်။ တကယ်စိတ်ဆိုးချင်လာပြီ ''
'' ဆိုးပေါ့ ... ဆိုးလို့ရတယ် ဆိုး။ ကိုယ်က ဒါလင်ကျေနပ်အောင်ကို ချော့ပစ်ဦးမှာ ''
ပိုရန်ကော ရှင်ရယ်ဟုသာ စိတ်ထဲကပြောမိသည်။ ချယ်ယောင်းစိတ်ဆိုးရင် ဘယ်အချိန်ဖြစ်ဖြစ် သူချော့မယ်ဆိုတာကို သိတာပေါ့။ အလိုလိုက်ခံရတဲ့ကလေးက ပိုဆိုးချင်ကြတယ်။
ချယ်ယောင်းလေးဟာလည်း MD လာလီဆာကြီးအပေါ်မှာ အင်မတန်မှ နွဲ့ဆိုးဆိုးလွန်းသည်။ MD ကလည်း ဒါလင်ဆိုးသမျှ.နွဲ့သမျှတွေကို ကောက်သိမ်းထားချင်တဲ့ လူစားမျိုး။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။