4

2.4K 271 24
                                    

lamborghini aventador svj (2022) အသစ်စက်စက် ကားကြီးကို ချယ်က တရာဖိုး သုံးစီးရတဲ့ car လို့ထင်နေတဲ့ပုံပင်။ တချက်သာ ဝေ့ကြည့်ပြီး..... ။

''ကျေးဇူးပဲ ''

ဗုဒ္ဓေါ ... သူမက ကျေးဇူးတလုံးပြော၍ စာအုပ်ထူကြီးသာ ပြန်ဖတ်သည်။ ထားပါလေ ... စေတနာတွေကသာ အဓိကမလား။

'' နားနားနေနေ စာလုပ်ပါ ''

'' မနက်ဖြန် အမိန့်ချမယ့်အမှုရှိတယ်။ အဲ့ဒီအမှုကို တရားသူကြီးချမှတ်မယ့်အမိန့်နဲ့ ငါ့စိတ်ကူးနဲ့ တူမတူ ကြည့်ရမယ် ''

စာအုပ်ကိုအကြည့်မလွှဲပဲ ပြန်ဖြေသူအနား လီဆာထိုင်လိုက်သည်။ ​သူမ ကြည့်သလို လိုက်ကြည့်တော့ ပုဒ်မတွေအကြား သူသာ မူးဝေသွားတယ်။

'' ချယ် ''

'' အင်း ''

'' အဲ့ကား လီ ဝယ်ပေးတာနော် ''

'' အင်း .. ကျေးဇူးလို့ပြောတယ်လေ ''

ပေါင်းသင်းနေတဲ့တနှစ်ကျော်မှာ သူမကသာ သူ့ဝေယျာဝစ္စတွေကိုလုပ်ပေးသူ။ သူမဆံပင်တွေကို ညှပ်ထားသောကလစ်က ဟောင်းနေပြီပဲ။ ဒီတခါ ကုန်တိုက်ဘက်ကိုရောက်ရင် သူမအတွက်ဝယ်ပေးရမယ်။

'' ညစာကို လီပဲ ချက်လိုက်တော့မယ် ''

'' မချက်နဲ့ ... အဖွားတို့ရောက်မှာမို့လို့တဲ့။ ဖေဖေ ခေါ်ထားတယ် ''

'' ဟင်! ... ယောက္ခထီးပတ်အိမ်ကိုလား ''

'' အင်းလေ ''

ယောက္ခထီးပတ်ကို လီဆာကြောက်တုန်းပဲ။ သူ့ရဲ့အလန့်တကြားမေးခွန်းအပေါ် သူမကလဲ ကြောင်တောင်တောင်လေး ကြည့်လာတယ်။

'' ဘာဖြစ်လို့လဲ ... ငါမသိခင် ဖေဖေက မင်းကိုရိုက်ထားလို့လား ''

ရိုက်တာကမှ နာပြီးရင်ပျောက်သေးတယ်။ သူ့အဖေက မျက်နှာသေကြီးနဲ့ ကြောက်စရာကြီး။

'' ချယ် ''

'' ပြောလေ ''

'' လီ မသွားချင်ဘူး ''

ရှိသမျှ ရုံးပတီသီးတွေထုတ်သုံးသော်ငြား သူ၏ဇနီးဟာ သောတပန်တည်နေသလားပဲ။ ချစ်စရာတသိန်းလေး လီဆာအား ခေါင်းခါပြလေတယ်။

My wife is angry with meWhere stories live. Discover now