3

2.4K 281 13
                                    

ပထမဆုံးကျောင်းဖွင့်ရက်မှာ လီဆာ့ဇနီးက ကျောင်းအထိလိုက်ပို့သည်။ မူလတန်းကို စတတ်သော ကျောင်းသားရဲ့ Feeling ကိုပြန်ရသည်။

'' ကျောင်းခန်းထဲအထိ ဝင်ဦးမလား ချယ် ''

'' ရွဲ့နေတာလား ''

'' လိုက်ပို့ချင်မယ် ထင်လို့ပါ ''

'' မျက်နှာကြောကို မတည့်ဘူး ''

သူမဟာ ပြောဆိုပြီး ပြန်သွားသည်။ ရုပ်ရှင်တွေထဲကလို အာလူးဖုတ်ပြီး အိမ်ပြန်ရရင်ကောင်းသား။ ဘဝက ရုပ်ရှင်မဟုတ်တော့လည်း ပျင်းရိဖွယ်ရာ စာအကြောင်းတွေကိုနားထောင်ရပါသည်။

'' ရှောင်းဖန်ဖန် ''

'' မရှောင်းဘူး ... ရှောင်တာ။ ရှောင်ဖန်ဖန် ''

'' ရှောင်းရှောင်း .. ရှောင်ရှောင် အဲ့တာထားလိုက်။ ဆိုနာနဲ့မတွဲသေးဘူးလား ''

'' မိန်းကလေးချင်း မကြိုက်ဘူး ''

'' မိန်းကလေးချင်းကြိုက်တာ ဘာဖြစ်လို့လဲ ''

'' ဘာမှမဖြစ်ဘူး .. ငါမကြိုက်တာ ''

ဆိုနာ့ crush နဲ့သူက တတန်းတည်း၊ ဘေးချင်းကပ်ရပ် နေရာကျသည်။ အချိန်လစ်တုန်း စပ်စုတော့ အဖြေက ဒီလို။

'' နင် အိမ်ထောင်ကျပြီဆို ''

'' ဆိုနာ ပြောတာလား ''

'' အင်း ''

'' ဟုတ်တယ် ဟိုးအရင်က ငါမိတ်ဆက်ပေးဖူးတဲ့ ငါ့အစ်မဆိုတာလေ။ သူနဲ့ လက်ထပ်လိုက်တာ ''

'' အစ်မ ပတ်ချယ်ယောင်းကို ပြောတာမဟုတ်လား။ ငါ သိပါတယ် ''

လီဆာခေါင်းငြိမ့်လိုက်တယ်။ ပတ်ချယ်ယောင်းကို တလောကလုံးက သိနေတာလား။

🌷

မနက်ကဖျော်ထားပြီး မသောက်ဖြစ်တဲ့ကော်ဖီကို သောက်လိုက်သည်။ အေးစက် ခါးသက်တဲ့ အရသာဟာ လည်ချောင်းမှတဆင့် စီးဆင်းသွားသည်။ ရှုပ်ပွနေသော လီဆာ့စားပွဲကိုရှင်းပေးပြီး ပုံထားတဲ့အဝတ်တွေကို လျှော်စက်ထဲ ထည့်သည်။

လီဆာနှင့်သူမဟာ အနည်းငယ်မျှ ဆန့်ကျင်ဘက်ဖြစ်သည်။ သူမက စည်းစနစ်ကျမှကြိုက်ပေမယ့် ငယ်ရွယ်တဲ့သူမဇနီးကတော့ ပရမ်းပတာနိုင်သည်။ ဥပမာ သူမက ကော်ဖီသောက်ပြီး ချက်ချင်းဆေးတဲ့အကျင့်၊ လီဆာက သောက်ပြီး ပန်းကန်ဖွက်ထားတဲ့အကျင့်။

My wife is angry with meDonde viven las historias. Descúbrelo ahora