မနက်အစောကြီး ပစ္စည်းချသံ၊ စကားပြောသံတွေဟာ သူမရဲ့အိမ်အတွင်းမှာဆူညံနေသည်။ မကြည်မလင်နိုးထလာတာကြောင့် သူမမျက်နှာ စူပုတ်ပုတ်ဖြစ်နေလိမ့်မည်။ စောစောစီးစီး အိမ်ပြောင်းလာတဲ့အကောင်ကို ဆွဲစုတ်ချင်သော်လည်း သားနဲ့သမီးက ပျော်ရွှင်ပြီးခုန်ပေါက်နေသည်။
'' မာမီ သားတို့အတူတူနေရပြီပေါ့ ... ရေးးး ''
သမီးကိုချီထားတဲ့သူက သားရဲ့ခေါင်းလေးကိုပုတ်ကာ အပြုံးတွေနဲ့တုံ့ပြန်သည်။ သူမကတော့ ဆိုဖာပေါ်၌ ငုတ်တုတ်။
'' ချစ်ဖို့ကောင်းလိုက်တဲ့ ချယ်ယောင်းမာနိုဘန်လေး။ မျက်နှာလေးကို အသည်းယားလိုက်တာကွာ ''
ရုတ်တရက် ငုံ့လာသောသူ့အား ချယ်ယောင်း မရှောင်လိုက်နိုင်။ ကလေးတွေရှေ့မှာပင် သူမရဲ့နှုတ်ခမ်းကို သူသည် မထိတထိ နမ်းသွားသည်။
'' MD... MDရဲ့ Luggage ကို ဘယ်မှာထားရမလဲ ''
'' ဘယ်ဘက်က အခန်းထဲသာထည့်ခဲ့ပါ။ စားပွဲကိုလည်း အဲ့ဒီအခန်းထဲသာ တခါတည်းပို့ပေးနော် ''
'' ဟုတ်ကဲ့ MD ''
ဒါလင့်ဘေးက ဆိုဖာအလွတ်မှာဝင်ထိုင်ပြီး ကလေးနှစ်ယောက်ကို ဘယ် ညာ တဖက်စီမှာ တင်ထားလိုက်သည်။ မျက်ခွံမို့အစ်အစ်လေးနှင့် သူ့အားစိုက်ကြည့်လာသော ချစ်ဇနီးက....။
'' ဘာလို့စောစောစီးစီးရောက်လာတာလဲ။ နည်းနည်းပါးပါးတော့ အားနာမှပေါ့။ စာတမ်းတွေအမြဲဖတ်ရတဲ့ငါက ဒီအချိန်မနိုးဘူးဆိုတာ မင်း တွေးပေးရမယ်လေ ''
'' ဒီနေ့က sunday လေ ဒါလင်။ ဒါလင်ပြန်အိပ်လိုက်ပါ။ ကလေးတွေကို ကိုယ်ပဲထိန်းထားလိုက်မယ်။ မနက်စာလဲ ကိုယ်ပြင်ထားမယ်။ ကိုယ့်ချစ်ဇနီးချောက အိပ်ရေးဝအောင် ပြန်ပြီးအိပ်လိုက် ''
'' 6:00Am ပဲရှိသေးတယ်။ နိုနိုလေးရော သားလီရော ပြန်အိပ်ဦး။ လာ .. မေမေတို့အတူအိပ်ကြမယ် ''
လီဆာ့စကားကို လုံးလုံးလျားလျား လျစ်လျူရှုတဲ့ဒါလင်က ကလေးတွေကို သူမနှင့်အတူပြန်အိပ်ဖို့ ခေါ်သည်။ သို့သော် ကလေးနှစ်ဦးဟာ သူမနှင့်အတူအိပ်ရတာထက် လီဆာနှင့်အတူ မနက်စာပြင်ချင်သည်ဖြစ်၍ ချက်ပြုတ်ရေးအစီအစဥ်ကို စတင်တော့သည်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။