ယောက္ခမကတော့ သဘောကောင်းသည်။ အသီးတွေထည့်ရင်း သူတို့ကိုပြုံးကာ စကားတွေပြောသည်။ ယောက္ခထီးကတော့ တခွန်းမှမပြော။
'' အဖေက စကားနည်းတယ်။ ကြောက်မနေနဲ့ .. ယူစရာရှိတာယူပြီး ပြန်မယ်။ သွားပြီး နှုတ်ဆက်လိုက်ဦး ''
ယောက္ခထီးပတ်ကို လီဆာကြောက်သည်။ မျက်နှာတည်ကြီးနှင့်ထိုင်နေတဲ့ ယောက္ခထီးနားသွားပြီး....။
'' အဖေ နေကောင်းပါရဲ့လား ''
'' အင်း ''
အင်း ဆိုသည့်နောက်၌ လီဆာ့ကြက်သီးမွေးညှင်းများ ဖြန်းခနဲ။ ခြေဖျားတို့လဲ အေးစက်သွားသည်။
'' သမီးတို့ ပြန်တော့မယ် ဖေဖေ။ အသီးတွေအတွက် ကျေးဇူးတင်ပါတယ် ''
'' မကြာခဏဝင်ခဲ့ ''
'' ဟုတ်ကဲ့ ''
အံမယ် ... သူတို့ချင်းတော့ဟုတ်နေတာပဲ။ သူတို့ချင်းစကားပြောပြီးနောက် ချယ်က မျက်စပစ်ပြတယ်။
'' သွားမယ် လီဆာ ''
အထက်တန်းက ဆယ့်ကိုးနှစ်မှာပြီးတယ်။ မပြည့်သေးပေမယ့် အသက်နှစ်ဆယ်ပဲမလား။ လီဆာကားမောင်းနေတော့ ချယ်ကလဲ ငြိမ်နေသည်။
'' ဘာလို့ကားမဝယ်တာလဲ ''
သူ့မေးခွန်းကို အပြင်ဘက်ကိုကြည့်နေတဲ့ သူမက အကြည့်မလွှဲပဲ ပြန်ဖြေတယ်။
'' မလိုအပ်ဘူးထင်လိူ့ ''
'' သွားလာဖို့အတွက် ကားတစီးတော့လိုတာပဲ။ ဖေဖေတို့ကို ပြောပြီးး..... ''
'' လီဆာ ''
လီဆာ ဟုအခေါ်ခံရတိုင်း ကျောရိုးတွေမတ်သွားတတ်သည်။ စာသင်သားဘဝမှာ လီဆာ ဆိုတာနဲ့ ခေါင်းကအထုခံရပြီးသားလေ။
'' ဟုတ်ကဲ့ ချယ် ''
'' ငါတို့က မိဘလက်အောက်မှာမဟုတ်တော့ဘူး။ နေရာတကာ လိုက်ပူဆာမနေနဲ့။ ငါအလုပ်ရတဲ့အချိန်ဝယ်မယ်။ ဒါမှမဟုတ်လည်း နင့်မှာပိုက်ဆံရှိတဲ့အခါကျ ဝယ်ပေး။ ဟုတ်ပြီလား ''
လီဆာ့မှာ ဘယ်လိုလုပ်ပြီးပိုက်ဆံရှိမလဲ။ မိဘဆီကမဟုတ်ပဲ ငွေမရှာတတ်သေးတဲ့အရွယ်။ တိတ်ဆိတ်စွာနဲ့ပဲ အိမ်ကိုပြန်ရောက်လာသည်။ အိမ်ကိုရောက်တော့ သူမက ပါလာသောပစ္စည်းတွေကို သိမ်းဆည်းသည်။
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။