19

4.3K 311 44
                                    

ကုတင်ထက်ဝယ် ကြွေရုပ်လေးလို အိပ်ပျော်နေသောချစ်ဇနီးကို အချိန်ကြာမြင့်တဲ့အထိ ကြည့်လို့မဝ။ ဒီလိုလှပတဲ့အမျိုးသမီးကို ဘာလို့အချိန်တွေကြာပြီးမှ ချစ်မိရတာပါလိမ့်။ ပို၍နောက်မကျခင်ချစ်မိသွားတာကိုပဲ ကျေးဇူးတင်မိသည်။

ကော့ညွှတ်သောမျက်တောင်လေးများသည် ပကတိပိတ်လျက် ခပ်ရဲရဲနှုတ်ခမ်းလေးမှာ တင်းတင်းစေ့ထားသည်။ မနေနိုင်စွာ နဖူးလေးမှ နှုတ်ခမ်းအထိ တဆင့်ချင်းဖွဖွနမ်းပြီး မေးဖျား၌ အနမ်းတို့အဆုံးသတ်လိုက်သည်။ ဒါလင့်ဘေးနားဝင်အိပ်ပေမယ့် နိုးသွားမှာစိုးလို့ ခန္ဓာကိုယ်ထိတွေ့မှုမလုပ်။ ငြိမ်သက်စွာပင် နှင်းဆီရနံ့တွေအကြား အိပ်စက်ခဲ့သည်။

ဘေးကလူ အိပ်ပျော်မှ ချယ်ယောင်းမျက်လုံးတွေဖွင့်လိုက်သည်။ အအိပ်ဆတ်သူပီပီ သူ့အနမ်းတွေရောက်လာတည်းက နိုးခဲ့သည်။ သူမမျက်လုံးဖွင့်လိုက်ရင် သူရှက်သွားမှာစိုး၍ အိပ်ပျော်တဲ့အချိန်မှသာ သူ့အားငေးမိသည်။ ချယ်ယောင်းနှင့်မတူသည်က သူဟာအိပ်ပျော်သွားရင် ဘာမှမသိတော့။ နှာတံစင်းစင်းလေးကို လက်ညိုးနဲ့ထိတွေ့ပြီး သူ့နှုတ်ခမ်းဆီအကြည့်ရောက်သွားသည်။

တကိုယ်တည်းရှက်ရွံစွာ ပြုံးလိုက်ကာ မျက်နှာချင်းဆိုင်အနေအထားဖြင့် မျက်ဝန်းတို့မှိတ်လိုက်သည်။

🌹

နေရောင်နွေးနွေးဟာ အခန်းထဲထိတော့ ထိုးဖောက်ဝင်ရောက်မလာ။ မနက်ခင်းရဲ့ပြည့်စုံခြင်းက ချစ်ရသူနှင့်အတူနိုးထခြင်း တဲ့။ ထိုစကားကို လီဆာအပြည့်အဝထောက်ခံသည်။ သူနိုးလာတဲ့အချိန်မှာ ဇနီးသည်က သူ့စောင်ကိုရင်ဘတ်အထိဆွဲတင်ပေးပြီး အိပ်ရာထက်မှထသွားသည်။ morning kiss တော့ပေးမသွားပါ။ ရေချိုးခန်းမှ ရေကျသံတို့ကိုကြားတော့ အကြောင်းမဲ့ တံတွေးမြိုချမိသည်။

ခေါင်းလျှော်လာသောချစ်ဇနီးလေးဟာ သူမရဲ့ ရွှေအိုရောင်ဆံနွယ်တွေကို ဖြေးညင်းစွာသုတ်ကာ မှန်တင်ခုံရှေ့ဝင်ထိုင်သည်။ ကုတင်ပေါ်ကသူ့ကို မှန်ထဲကတဆင့်ကြည့်ပြီး ရေချိုးခိုင်းပေမယ့် သက်ရှိနှင်းဆီ၏ နောက်ကျောအလှကနေ ရုန်းမထွက်နိုင်။

My wife is angry with meWhere stories live. Discover now