စိမ်းစိမ်းကားကားကြည့်ပြီး လှည့်ထွက်တော့မယ့် အမျိုးသမီးလက်ကို လီဆာဖမ်းဆွဲလိုက်သည်။ သူမက သူမအလုပ်နေရာမို့ ရုတ်ရုတ်သဲသဲ ဖြစ်စေမှာမဟုတ်တာကို လီဆာသိသည်။
'' ကိုယ်ပြန်လာခဲ့ပြီ ဒါလင် ''
မဲ့ပြုံးပြုံးတဲ့ အမျိုးသမီးကို လီဆာအပြစ်မတင်လို။ အစစ အရာရာ ကိုယ်လွန်ခဲ့သည်။ သူမ ကျေနပ်တဲ့အထိတောင်းပန်ပြီး ကလေးလေးတွေနှင့် အတူတူနေရမည်။
'' နင့်ကိုကြိုမယ့်လူမရှိဘူး လီဆာ။ နင်လာရာလမ်းအတိုင်း ပြန်လိုက်တော့ ''
လီဆာ့လက်ကိုဆောင့်ပြီးဖြုတ်ချကာ သူမထွက်သွားသည်။ လီဆာလိုက်ဖို့ပြင်ပေမယ့် သူ့ရှေ့မှာ ချာဝူဂျင်းက ပိတ်ရပ်သည်။
'' မင်းကို ချယ်လေးက မတွေ့ချင်ဘူး လီဆာ။ မင်းကို အလိုမရှိဘူး။ မင်းထွက်သွားပေးပါ ''
'' ရှင်က ဘေးလူပါ ချာဝူဂျင်း။ ကျွန်မဇနီးနဲ့ ကလေးတွေက ကျွန်မအပိုင် ကျွန်မမိသားစုပါ။ ရှင် ဝင်စွက်ဖက်စရာမလိုဘူး ''
'' အခြေအနေကို သဘောမပေါက်သေးဘူးပဲ။ ကလေးနှစ်ယောက်လုံးရဲ့ မျိုးရိုးနာမည်က ပတ် တွေ။ မာနိုဘန်ဆိုတဲ့ မင်းရဲ့မျိုးရိုးမဟုတ်ဘူး။ အဲ့ဒါ မင်းနဲ့မသက်ဆိုင်ဘူးဆိုတဲ့ အဓိပ္ပါယ် သက်ရောက်တယ် ''
'' ဘာတွေလာပြောနေတာလဲ။ ကလေးတွေက ငါ့ကလေးတွေ၊ ငါ့သွေးတွေနဲ့ဖြစ်တည်လာတဲ့ ငါတို့နှစ်ယောက်ရဲ့ ကလေးတွေ။ ဒီမှာ ချာဝူဂျင်း ရှင်သိအောင်ပြောလိုက်မယ်။ လာလီဆာမာနိုဘန် မသိလိုက်လို့ ဒါလင့်အနားကိုရှင်ရောက်နေရတာ။ အခု ကျွန်မ ပြန်လာပြီ၊ ဒါလင့်အနားမှာ ကျွန်မရှိနေပြီမို့လို့ ရှင့်ကိုမလိုတော့ဘူး။ ရှင်က လိုသုံးပဲ။ ကိုယ့်စောက်ဆင့် ကိုယ်သိစမ်းပါ ''
ချာဝူဂျင်းကို တွန်းတိုက်ပြီး ရှေ့ကိုကြည့်တော့ အမျိုးသမီးရဲ့ကားဟာ ထွက်သွားလေပြီ။ တောက် တချက်ကို ခပ်ပြင်းပြင်းခေါက်ပြီး ...။
'' ရှင် ဘယ်လောက်တွယ်ကပ်နေပါစေ။ အရင်ကရော အခုရော ပတ်ချယ်ယောင်းက လာလီဆာရဲ့ဇနီး။ ပတ်ချယ်ယောင်းမွေးထားတဲ့ကလေးတွေက ငါ့သွေး ငါ့ကလေး။ သတိပေးထားပြီးပြီနော် ငါ့မိန်းမနဲ့ ဝေးဝေးမှာနေ ''
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။