နီတာရဲ ကလေးလေးဟာ လီဆာ့လက်ထဲမှာ အိပ်ပျော်နေသည်။ မွေးကင်းစ ကလေးလေးက သူ့လက်တွေကြား သေးငယ်သော ဖြစ်တည်မှုလေး ဖြစ်နေ၏။
'' လက်ချောင်းလေးတွေက ပိစိလေးတွေနော် မေမေ ''
ဒါလင်နိုးသွားမှာစိုးလို့ ယောက္ခမကို တိုးတိုးလေးပြောလိုက်သည်။ ယောက္ခထီးက လီဆာ့ဘေးမှာရပ်ပြီး သားလေးကိုကြည့်နေသည်။
'' လီယောင်းတို့တုန်းကလည်း ဒီလိုလေးပဲ။ နာမည် စဥ်းစားပြီးပြီလား ''
'' မစဥ်းစားရသေးဘူး။ အရင်လိုပဲ မေမေတို့ပဲ ရွေးပေးပါဦး ''
ကလေးကိုအာရုံရောက်နေတာနဲ့ ချစ်ဇနီး နိုးနေတာကို လီဆာမသိလိုက်ဘူး။ ပြုံးတုံ့တုံ့လေးဖြင့် လီဆာ့အားကြည့်နေတဲ့ ဇနီးကို ယောက္ခမက မြင်သွားသည်။
'' ချယ်လေး နိုးပြီလား။ ဘယ်လိုနေသေးလဲ ''
ယောက္ခမအသံကိုကြားမှ ချစ်ဇနီးကို ကြည့်မိသည်။ ထိုအခါ ဇနီးက လီဆာ့ကိုကြည့်ပြီး မေးသည်။
'' နာသွားလား ... ခုနက ဆံပင်တွေကိုဆွဲလိုက်မိတယ် ''
ကလေးသေးသေးလေးကို ယောက္ခထီးလက်ထဲထိုးထည့်ပြီး ချစ်ဇနီးရဲ့ရင်ခွင်သေးသေးလေးအတွင်းကို ခေါင်းတိုးဝင်လိုက်သည်။ ချစ်ဇနီးဆီမှ ခပ်ဟဟရယ်သံလေးနှင့်အတူ သူ့ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလာသည်။
'' ဖယ်စမ်းပါ လီဆာရယ်။ သမီး ချယ်လေး .. ပင်ပန်းသွားပြီ။ သမီးရဲ့သားလေးကို ကြည့်မလား ''
သာသနာဖျက်၊ ကျောင်းဖျက်ကတော့ လီဆာ့ မေမေပဲ။ ကိုယ့်ဇနီးကို ကိုယ်ချွဲတာ ဘာဖြစ်လဲ။ အလကား မနာလိုနေတယ်။ ဒါလင်ကတော့ ရယ်နေဆဲပဲ။ ပြီးတော့ ခေါင်းခါတယ်။
'' ဒီကိုလာ ''
အဲ့ဒါပဲလေ ... ချစ်ဇနီးက လီဆာ့ကို ဘယ်လောက်ချစ်လိုက်သလဲ။ ဆွဲခွာတဲ့ မေမေတောင် တအံ့တသြ။ ပက်လက်အနေအထားဖြစ်နေသော ဒါလင့်ရင်ခွင်လေးထဲ ခေါင်းအပ်လိုက်တော့ အလိုက်တသင့်ပဲ ဒါလင်ကဖက်သည်။
'' သားလေးက ဒါလင်နဲ့တူတယ်။ ကိုယ်နဲ့တူတာဆိုလို့ မျက်လုံးပဲရှိတယ် ဒါလင် ''
YOU ARE READING
My wife is angry with me
Fanfictionငွေမင်ရောင်တွေမှ ရွှေအိုရောင်တွေအဖြစ် မည်သို့ပင်ပြောင်းလဲစေဦးတော့။ ကိုယ်က ဒါလင့်တယောက်တည်းကိုပဲ ချစ်တယ်။