EP1. ငါ့အမေတော့ ရှချင်နေပြီ

1.1K 85 71
                                    

(Unicode) 

အကြည်ဓါတ်အာရုံ လွှမ်းခြုံထားသော မနက်ခင်း...။ ရွှေရောင်အသွင်ဖြင့် နေရောင်ခြည်မှာ လိုက်ကာကြားမှနေ၍ တိုးဝင်လုဆဲဆဲ။ လောကတစ်ခွင်ကို တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ အိပ်ရာထက်တွင်ကား မှေးစက်အနားယူနေသော ကောင်လေးတစ်ယောက်ရှိသည်။ ထိုသူမှာ အသားဖြူလှ၏။ မျက်နှာသွယ်လေးမှာ မစို့မပို့ ပါးရောင်သန်းသန်းလေး၊ အတန်ငယ် ဖူးနေသော နှုတ်ခမ်းသားလေးမှာ အိစက်ညက်ညောမှု အတိနှင့်။ မှန်ပေသည်၊ ထိုသူသည် ပိုးဟပ်ဖြူလေး...

"စောက်ရေးကို မပါဘူး"

"....."

"တစ်နေ့တစ်နေ့ စောက်ရေးကို မပါဘူး"

ပြောစရာတစ်ခု လိုသွားသည်။ ထိုပိုးဟပ်ဖြူမှာ ရုပ်သွယ်က နုနယ်သလောက် နှုတ်ဖျားက ဘီလူးအလား။ ထစ်ကနဲဆို စိတ်ဆတ်တတ်သလို ဒေါသတစ်မျိူးဖြင့်သာ လူလုပ်နေသူ ဖြစ်သည်။ မျက်လုံးနှစ်လုံး ပွင့်တာနဲ့ မြည်တွန်တောက်တီးသံကို စတင်ကြားရစမြဲ..။

"လိုက်ကာဖြစ်ပြီး နေထိုးတာတောင် ကာမပေးနိုင်ဘူး၊ မင်းကိုငါ မီးဖြုတ်ရှို့ပစ်မယ်!"

ဟုတ်တယ်၊ တစ်ညလုံး ၄နာရီပဲ အိပ်ခဲ့ရတာလေ၊ သူက အလိုက်တသိနဲ့ မှောင်ပေးပါ့လား၊ အခုတော့ နိုးလာရပြီ

သက်ပြင်းတစ်ချက်ချကာ အိပ်ရာမှ ထထိုင်သည်။ အသက်ကို ဝဝရှုသည်။ စောင်ကို လေးဘက်ညီ ခေါက်သည်။ မျက်နှာသစ်၊ သွားတိုက်ပြီးတာနဲ့ အဝတ်အစားတန်းလဲသည်၊ ခေါက်ရာကြေရာ မရှိစေရ။ စင်ပေါ်ရှိ မျက်မှန်ကို ဆွဲယူ၍ မှန်ရှေ့မှာ ခဏရပ်သည်။ မျက်နှာပေးက မှုန်သုန်သုန်။

"ဝေယံကိုကိုရေ!!!"

"နိုးနေပြီ၊ လာမယ်"

ယောကျာ်းမရတာလည်း မပြောနဲ့၊ အော်လိုက်ရင် တစ်ရက်ကွက်လုံး ကြားတယ်

အစ်မဖြစ်သူ ဟေမာန်ကိုကိုရဲ့ ပင့်ခေါ်မှုကို ခံရပြီးသကာလ အိမ်အောက်ထပ်ကို တစ်လှမ်းချင်း ဆင်းသွားလိုက်သည်။ ဤအချိန်မှာ မနက်စာစားရန် အချိန်ဖြစ်သည်။

"ဘာရှိလဲ"

"ဒီမှာလေ မုန့်ဟင်းခါး၊ ကြည့်ကြပ်သာ ထည့်စားလိုက်တော့"

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Where stories live. Discover now