(Unicode)
အင်မတန် သာယာသော တနင်္ဂနွေနေ့ မနက်ခင်း၌ ဆရာဝန်မလေး ဖြိုးဝေသာတစ်ယောက် လိုင်းပေါ်တွင် ပေါက်ကွဲနေ၏။ မဟော်မင်းဝေနှင့် သူ၏အမျိုးသား ဝေယံကိုကိုတို့ Tag တွဲထားပြီး စာတတန် ပေတတန်ဆိုပါသည်။
"ကျွန်မအကောင့်ထဲမှာရှိတဲ့ မိတ်ဆွေအပေါင်းသူတော်ကောင်းတို့ရေ ဟောဒီက ကျွန်မ Tag ထားတဲ့ အမျိုးသားနှစ်ယောက်က မင်္ဂလာဆောင်ပြီးနောက်ပိုင်း သူတို့ကို သူတို့ ဗိုလ်နေမြဲ ကျားနေမြဲအတိုင်း မပြောင်းလဲဘူးလို့ ပြောနေပါတယ်။ သူတို့နှစ်ယောက် တစ်ကနေ နှစ်ဖြစ်သွားသလို ပြောင်းလဲသွားတဲ့အကြောင်း သက်သေသာဓက အမှတ်တရလေးများရှိရင် မန့်ထဲမှာ ဝေမျှခဲ့ပြီး ကျွန်မနဲ့ အတူရပ်တည်ပေးကြပါ။ ကျွန်မ မိတ်ဆွေတို့ရဲ့ အကူအညီကို အရေးတကြီး လိုအပ်နေပါတယ်ရှင်"
ထိုစာသားများနှင့် တွဲတင်ထားသည်က ဝေယံကိုကိုနှင့် စကားပြောဆိုထားသည့် တဖြတ်တကတ်ပုံ။ ပိတ်ရက်ဖြစ်သည့်အလျှောက် ဖြိုးဝေသာက အောက်ပါအတိုင်း ရိုသေစွာ ဖိတ်ကြားထားလေသည်။
"ဟဲ့ ဝေယံကိုကို၊ ကျောက်မြောင်းမှာ ဝက်သားတုတ်ထိုးဆိုင်သစ်ဖွင့်ထားတယ်။ ဝါးတီးသွားဆွဲရအောင်"
ထိုစာကို ဝင်ဖတ်ထားသော်လည်း ပြန်စာချက်ချင်းမလာ။ 15 မိနစ်ခန့်ကြာမှ..
"ငါ စားချင်စိတ် သိပ်မရှိဘူး"
"ဘာလို့လဲ ကိုဝင်းကြည်နေလို့လား"
"ဆဲထည့်လိုက်ရ။ မဟုတ်ဘူး ဒီတိုင်း မစားချင်တာ"
"မူမနေပါနဲ့ ပြောစမ်းပါ၊ ဘာဖြစ်တာလဲ ဝေးလို့လား၊ ထုံးစံအတိုင်း ငါ လာပင့်မယ်လေ"
"အဲ့တာကြောင့်မဟုတ်ဘူး"
"အဲ့တာဆို ဘာဖြစ်လို့လဲဟ"
"မဟုတ်ပါဘူး။ ဝက်သားတုတ်ထိုးဆိုတာ မကျက်ဘူး၊ မသန့်ရှင်းဘူးဟ ဖြိုးဝေသာရ၊ နင် ဆရာဝန်ဖြစ်ပြီး ဒီလောက်တောင် မသိဘူးလား"
"နင်က ဘယ်တုန်းကစပြီး ဆရာဝန်လို တွေးခေါ်တတ်သွားရတာလဲ၊ စိတ်ရောမှန်သေးလား"
"မှန်သေးတယ်၊ ကိုကြီးကို မသန့်စာတွေ မစားဘူးလို့ ကတိပေးထားလို့"
BẠN ĐANG ĐỌC
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)