(Unicode)
ညနေစောင်း၍ အလုပ်ဆင်းချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဆေးရုံအပြင်ဘက်ကို ဝေယံကိုကိုရောက်တော့ နေဝင်ရီမရောတရော။ မိုးရိပ်မရှိသော်ငြားလည်း လေပြေခပ်အေးအေးက တိုက်ခတ်နေသည်မို့ စိတ်မိန်းမောချင်စရာပင်။
ဝေယံကိုကိုလည်း တဖဝါးမှ မရွေ့နိုင်သေးဘဲ ဆေးရုံဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ဆူဆူညံညံ ကားသံဟွန်းသံများထက် လူတို့၏ စကားပြောသံများ၊ သွားလာလှုပ်ရှားသံများကို အာရုံစိုက်မိသည်။ တချို့တွေကလည်း အပူစိတ်ကြောင့် ညိုးငယ်နေကြသလို တချို့ကတော့ အေးချမ်းသော အပြုံးကိုယ်စီနဲ့..။ ဒါ ဘဝ၏ အနိမ့်အမြင့်များပင် မဟုတ်ပါလား။ ဝေယံကိုကို ဆရာဝန်တစ်ယောက် ဖြစ်လာပြီးနောက်ပိုင်း လောကဓမ္မတာကို ပိုမိုနားလည်လာသည်။ အိုလိုက်၊ နာလိုက်၊ ပြန်ကောင်းလိုက်နဲ့ ဒီဘဝခရီး မည်မျှထိ ဆက်ရပါမည်နည်း..။ တွေးရင်းငေးရင်း အတွေးနက်လာတာမို့ မနေနိုင်တဲ့အဆုံး..
"မဖြစ်ပါဘူး၊ ဖြိုးဝေသာကိုခေါ်ပြီး သီချင်းဖြစ်ဖြစ်သွားဆိုဦးမှ"
ဝေယံကိုကိုဆိုတာ တရားပေါက်ပြီး တောထွက်မည့်လူမျိုး မဟုတ်ပါ။ စိတ်ငူလာရင် စိတ်ထွက်ပေါက်အနေနဲ့ သီချင်းဟဲလိုက်ရမှ နေသာထိုင်သာရှိတဲ့ အမျိုး။ ဒီကနေ့ ကိစ္စပေါင်း သောင်းခြောက်ထောင် ကြုံတွေ့ခဲ့ရသည်မို့ စိတ်အနားပေးမှ တော်ကာကျရော့မည်။ သို့ပေမဲ့ ကံမလှချင်တော့ ဖြိုးဝေသာကို ဖုန်းဆက်မယ်လုပ်နေတုန်း...
ကီ ကီ
ဒီဟွန်းသံ၊ ဒီကားစုတ်ကြီးကို ဝေယံကိုကို ကောင်းကောင်းသိတာပေါ့။ ကားပိုင်ရှင်ကိုလည်း ကောင်းကောင်းကြီးသိသည်။ ဘုကြည့်ကြည့်လိုက်မိတော့ မဟော်မင်းဝေကလည်း ကားမှန်ကိုချကာ တည့်တည့်စိုက်ကြည့်လာသည်။ ဝေယံကိုကို ဘာလုပ်ရမှာလဲ၊ ရိုသေသမှုပြု၍..
"တာ့တာ"
"မတာ့တာနဲ့"
"အဲ့တာဆို ဘိုင့်ဘိုင်"
"ကားပေါ်တက် ဝေယံကိုကို"
"ရတယ်၊ ကျွန်တော် လမ်းလျှောက်ပြန်မှာ"
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)