(Unicode)
"ပိုးခွား မနေ့ညက ဘယ်မှာရှိနေခဲ့တာလဲ"
မဟော်မင်းဝေ နင့်နဲစွာ မေးလိုက်သော မေးခွန်းကို ပိုးခွားက ကလေးကို ချော့မြူရင်း ပြန်ဖြေသည်။ ပုံစံမှာ အေးဆေးရိုးသားလွန်းလျက်..။
"ပရောဂျက်အဖွဲ့ထဲက လူတွေနဲ့ အဖွဲ့ကျသွားတာ၊ မနက်ကမှ အစ်ကို့အတွက် မနက်စာဝင်ဝယ်တုန်း ကိုစိုင်းတို့သားအဖနဲ့ တွေ့တာ၊ ကိုစိုင်းက ဆေးရုံသွားစရာရှိလို့ ကလေးကို ကျွန်တော် ခဏခေါ်လာတာ"
"သူ့အမေကရော"
ရုတ်တရက် ပိုးခွားရဲ့အပြုံးတွေက အေးစက်သွားကာ ကလေးကို အောက်ချပေးလိုက်သည်။ ထို့နောက် ချိုသာသော လေသံဖြင့်..
"ငွေရည်.. သမီး အရုပ်တွေ သွားယူလိုက်ဦး၊ ပြီးရင် အပေါ်တက်ကြမယ်"
"ဟုတ်"
ကလေး အနားကထွက်သွားတာနဲ့ ပိုးခွားက သက်ပြင်းချသည်။
"သူ့အမေက အိမ်ပေါ်က ဆင်းသွားပြီ၊ ကွာရှင်းလိုက်ပြီပြောတယ်၊ အကြောင်းစုံတော့ ကျွန်တော်လည်း မသိရဘူး၊ ကလေးကို သနားလိုက်တာ"
မင်းဝေ ဘယ်လိုစကားမျိုး သုံးကာ တုံ့ပြန်ရမည်မသိ။ ထိုကလေးကို အရင်လှမ်းကြည့်ကာ ပိုးခွားကို ပြန်ကကြည့်သည်။ ထိုအကြည့်များကို ပိုးခွား သဘောပေါက်ပုံရ၏။
"ဒီမှာ..လူကြီး သဝန်တိုမယ် မကြံနဲ့နော်၊ ကျွန်တော်က မစဥ်းစားမဆင်ခြင်တတ်ရအောင် ကလေးလည်း မဟုတ်ဘူး"
"အစ်ကို..အစ်ကို နားလည်ပါတယ်"
"ဟင်း.. ပြီးတော့ ကိုစိုင်းက အခု ကျွန်တော့်အစ်ကိုရင်းလိုပါပဲ၊ သူတို့ငွေရေးကြေးရေးလည်း သိပ်အဆင်မပြေဘူးကြားတယ်၊ ကျွန်တော် ကူညီပေးချင်တယ်၊ အစ်ကို ခွင့်ပြုနော်"
"ပိုးခွား သဘောပါ"
"ဒါမှပေါ့ လာသွားစို့၊ အစ်ကို အကြိုက်တွေ ရှယ်ဝယ်လာတယ်၊ သမီးလေး လာ..."
ထို့နောက် ကလေးငယ်အပါ သုံးယောက်သား မနက်စာအတူစားဖြစ်ကြသည်။ ကလေးက ငယ်ရွယ်သေးသည်မို့ မုန့်ဖဲ့သည်ကအစ ပါးစပ်သုတ်ပေးသည်အဆုံး ပိုးခွားက ဂရုစိုက်ပေးသည်။ မဟော်မင်းဝေ ပိုးခွားကို ထိုင်ကြည့်ရင် တစ်ခေါက်တစ်ခါက သူပြောဖူးသည့် စကားကို အမှတ်ရမိသည်။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)