(Unicode)
မနက်မိုးလင်းတဲ့အခါ ဝေယံကိုကိုတစ်ယောက်ဟာ အိပ်ယာပေါ်မှာ ကားယားကြီး။ ကုတင်ကျယ်ကြီးပေါ်မှာ နာရီတပတ်လည်အောင် အိပ်ထားပြီးမှ နိုးလာခြင်းဖြစ်သည်။ ခေါက်ကုတင်က ပြန်ခေါက်ရက်သားဖြစ်နေပြီမို့ မဟော်မင်းဝေ စောစောထသွားပြီမှန်း သိလိုက်သည်။ မနေ့ညက အဖြစ်ကို ပြန်တွေးမိတော့ ဝေယံကိုကို ကြိတ်မနိုင်ခဲမရ ဖြစ်ရသည်။
"ကျစ် တကယ်ပဲ၊ ရောဂါကို ဆက်မွေးထားချင်တာလား မသိဘူး"
"တကယ်တမ်း ပြောရရင် သူ ဆရာဝန်ပဲဟာ ကြိတ်ကုလို့ဖြစ်မလား။ ဆေးရုံမှာ စာရင်းသွင်းပြီး ကုသမှုခံယူရမှာပေါ့"
"ဒါမှမဟုတ်..လူသိမှာ စိုးလို့လား"
"ဝေယံ နိုးပြီလား"
"အောင်မယ်လေး!!!"
ရုတ်တရက် ပေါ်လာတဲ့ တံခါးကြားက မျက်နှာကြောင့် ဝေယံ ကြောက်အားလန့်အား အော်ဟစ်ပစ်လိုက်သည်။ မင်းဝေလည်း စိုးရိမ်သွားကာ ကုတင်ဘေးမှာ လာထိုင်ပါတော့သည်။
"ဝေယံ ဘာဖြစ်လို့လဲ၊ အိပ်မက်ဆိုး မက်လို့လား"
"မဟုတ်ဘူး၊ လန့်သွားလို့"
"ဘာမှမဖြစ်တော့ဘူး ကိုကြီး ရှိတယ်"
"ကျွန်တော် ကလေးမဟုတ်ပါဘူး!!"
"အင်းပါ လူကြီးလေးရဲ့။ မနက်စာ ပြင်ထားတယ်၊ ရေအရင်ချိုး ပြီးရင် အတူစားမယ်"
ဒီကနေ့ မင်းဝေက နားပြီး ဝေယံက အလုပ်သွားရမည်။ အကြံအစည် ကျရှုံးခဲ့တာမို့ ဝေယံကိုကို သိပ်စိတ်မကြည်။ တစ်ခန်းလုံးကို ကိုယ့်အခန်းလို သဘောထား၍ မောင်ပိုင်စီးကာ ဆေးရုံသွားရန် ပြင်ဆင်ပါသည်။ မင်းဝေကတော့ ဝေယံ့အကြိုက် ပဲပြုတ်နံပြား၊ ပလာတာ၊ ပေါက်စီ စသည်ဖြင့်စားစရာအစုံ ဝယ်ပေးထားတာများ တန်းစီလို့..။
"ယံယံ အများကြီးထည့်စား"
"အဲ့နာမည် မခေါ်ပါနဲ့ဆို"
"ဝေယံ မကြိုက်ရင် မခေါ်တော့ဘူး၊ စားစား"
နံပြားကို နှစ်စသုံးစ ဖဲ့သည်။ ပလာတာကို နှစ်ကိုက်ကိုက်သည်။ ပေါက်စီကိုဆို ထိတောင်မထိ။ မင်းဝေကတော့ စားရင်းတဖက်နဲ့ Tablet ထဲမှမေးလ်များကို စစ်နေရာကနေ ဝေယံ တို့ကနန်း၊ဆိတ်ကနန်း လုပ်နေသည်ကို သတိထားမိသွားပြီး..
ESTÁS LEYENDO
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)