(Unicode)
လွန်ခဲ့သော လေးနှစ်ခန့်က..။
အလွန်သာယာသော နေ့တစ်နေ့ဟု မှတ်ယူရပေသည်။ ပစ္စည်းများ သယ်ချရင်း နေအပူကြောင့် ချွေးပြိုက်ပြိုက်ကျနေသည့်တိုင် မင်းဝေ ပင်ပန်းမောဟိုက်ခြင်းကို မခံစားရ။ အတိုင်းမသိသော ကြည်နူးခြင်းများနဲ့သာ ပြည့်နှက်နေ၍ဖြစ်သည်။
"အစ်ကို အစ်ကို ဒီစားပွဲကို ဝရံတာနားမှာ ချလိုက်မယ်၊ ရှူခင်းငေးရင်း အလုပ်လုပ်လို့ကောင်းတာပေါ့"
"ဟုတ်ပါပြီ မင်းသဘော.."
"အံမယ်..."
ပိုးခွားက မျက်နှာရှုံ့လိုက်သော်ငြားလည်း တစ်ရှူးစကိုယူ၍ မင်းဝေဆီ လာကာ ချွေးစက်တို့ကို တယုတယသုတ်ပေးသည်။
"ပင်ပန်းနေပြီလား အစ်ကို"
"မပင်ပန်းဘူး၊ ပိုးခွားရော မောနေပြီလား"
"နည်းနည်းလေး... ဒါပေမယ့် ပျော်တယ်"
ပိုးခွားနဲ့အတူ စင်္ကာပူက ပြန်လာပြီးနောက်ပိုင်း မဟော်မင်းဝေ တိုက်ခန်းတစ်ခန်းကို ထပ်မံဝယ်ယူလိုက်သည်။ နဂိုတိုက်ခန်းမှာ ပိုးခွားကို ခေါ်ထားရင် ရပါသော်လည်း ညီငယ်လေးက ကျောင်းတဖက်နှင့်မို့ အနှောင့်အယှက်မပေးချင်။ လွတ်လွတ်လပ်လပ်လည်း ရှိအောင် ဒီတိုက်ခန်းလေးကို ဝယ်ကာ နှစ်ယောက်တစ်ကမ္ဘာထူထောင်ရန် ဆုံးဖြတ်ထားကြသည်။ ချစ်သူလေးကို မဟော်မင်းဝေ သိုင်းဖက်လိုက်ရင်း ချစ်စကားဆိုသည်။
"အစ်ကို့နောက်ကို လိုက်လာခဲ့ပေးလို့ ကျေးဇူးပါ ပိုးခွား"
"ကျွန်တော့်ကို အချစ်တွေပေးလို့ ကျေးဇူးပါတယ် အစ်ကို၊ ချစ်တယ်နော်"
"ဒါ ကိုယ်တို့အိမ်လေးပဲ... အသိုက်အမြုံလေး ဖန်တီးကြမယ်နော်"
"အသေအချာပေါ့..."
ချစ်စခင်စ ထိုဘဝက အကြင်နာတွေ ဗလဗွနှင့်...။ တစ်ယောက်နှင့်တစ်ယောက် လေတိုးရင် ဝေးမှာစိုးသည့်အလား မျက်စိအောက်က အပျောက်မခံချင်ကြ။ ပိုးခွားက အရဲစွန့်ကာ အားလုံးကို ပစ်ချပြီး မဟော်မင်းဝေနောက်ကို လိုက်ပေးခဲ့သည်။ အချစ်တွေ ဝေမျှသည်။ ထိုအချက်နှင့်ပင် မင်းဝေ နေ့စဉ်နေ့တိုင်း ကျေးဇူးတင်ကာ ပိုးခွားကို တစ်စထက်တစ်စ ပိုဂရုစိုက်ဖြစ်ခဲ့သည်။ အချစ်များနှင့် နွေးထွေးပေးကာ နောင်တဆိုသောအရာကို နောင်ဘဝထိပါမေ့စေချင်သည်။ တစ်ခါတစ်လေ မင်းဝေကို ပိုးခွာက ပြန်ကာ နားချရ၏။
BINABASA MO ANG
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)