EP9. ကြွေလွင့်သွားသော အိပ်မက်များ (3)

535 62 13
                                    

(Unicode)

ထိုကိစ္စဖြစ်ပြီးနောက်ပိုင်း ပိုးခွားတစ်ယောက် ကိုစိုင်းတို့ သားအဖနှင့် အဆက်အသွယ်မလုပ်တော့။ အိမ်မှာပဲ အလုပ်ကို ခေါင်းစိုက်လုပ်ကာ တစ်ခါတစ်ရံမှသာ သူ့ပရောဂျက်ကလူများနှင့် တွေ့ဆုံလေ့ရှိသည်။

အရာအားလုံး အေးချမ်းသွားပြီဖြစ်သော်လည်းထိုအကြောင်းကို ပြန်လည်ပြောဆိုခြင်းမရှိကြသလို အတိအလင်းဖြေရှင်းမပြီးသေးဘဲ ရပ်ဆိုင်းလိုက်ကြသည်မို့ မင်းဝေနှင့်ပိုးခွားကြား အစိုင်အခဲတစ်ခုခု ရှိနေယောင်ထင်ရကာ အရင်ကထက် ပိုပြီးဝေးကွာသွားသလို ခံစားရစေသည်။

ပိုးခွား ရွှင်ရွှင်လန်းလန်းမရှိသည်ကို မင်းဝေ သတိထားမိတဲ့အတွက် အားလပ်ချိန် ပိုပေးကာ အတူရှိပေးရန် ကြိုးစားပါသော်လည်း ချစ်သူနှစ်ဦးကြား နွေးထွေးမှု ကင်းမဲ့နေကာ အလွန်အမင်း သူစိမ်းဆန်လှသည်။

"ပိုးခွား ဒီညနေ ဘာစားချင်လဲ၊ အစ်ကိုတို့ စျေးသွားကြမလား"

"ရှိတာလေးပဲ ချက်လိုက်လေ၊ ကျွန်တော် အပြင်မသွားချင်ဘူး"

"ပိုးခွား ညနေ ဟောပြောပွဲရှိတယ်၊ ဘယ်အရောင် ဝတ်ရမလဲ"

"အစ်ကိုက ဘာဝတ်ဝတ်လိုက်ပြီးသားပါ၊ အဆင်ပြေရာ ဝတ်လိုက်"

"ပိုးခွား ညနေ Gathering ရှိတယ် အစ်ကို မင်းကိုမိတ်ဆက်ပေးချင်လို့ လိုက်ခဲ့ပါ့လား"

"အာ.. ကျွန်တော် ပရောဂျက်ကိစ္စညှိနှိုင်းစရာလေးရှိလို့ အပြင်သွားရမှာ၊ နောက်တစ်ခေါက်ပေါ့"

'သူတို့သားအဖနဲ့ ပြန်တွေ့လိုက်ပါ၊ အစ်ကို မတားတော့ဘူး' လို့ ပြောထွက်ချင်လောက်အောင်ထိ ပိုးခွားက အေးစက်ပြသည်။ ဒါ စိတ်ကုန်ခြင်းရဲ့ လမ်းစများလား..၊ သူ့ဘက်က ကိုယ်ချစ်သလောက် ပြန်မချစ်ပေမဲ့ မင်းဝေကတော့ ဆံဝါကောင်လေးကို သိပ်ချစ်ရတာမို့ ဆက်ဆံရေးကို အကောင်းဆုံး ပြန်ထိန်းသိမ်းဖို့ ကြိုးစားသည်။

ပရောဂျက်လို့ ခေါင်းစဥ်တပ်ထားသည့် လူတွေနဲ့ သွားတွေ့ပြီး ပြန်အလာနောက်ကျပါသည့်တိုင်၊ အရက်မူးလာပါသည့်တိုင်၊ မင်းဝေနဲ့ အခေါ်အပြောမလုပ်ချင်ပါသည့်တိုင် မင်းဝေဘက်ကတော့.. ဂရုစိုက်ဆဲ၊ ချစ်ပြဆဲ၊ စိုးရိမ်ဆဲဖြစ်သည်။ ကံလင်းရောင်က ကြည့်မနေနိုင်တဲ့အဆုံး အကြံပေးလာသည်။

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Donde viven las historias. Descúbrelo ahora