(Unicode)
"ဟုတ်တယ် ကျွန်တော် ကိုကြီးကို ကြိုက်တယ်။ ကိုကြီး မကြိုက်စေချင်တာ သိပေမဲ့ အဲ့တာက ကျွန်တော်လည်း ထိန်းချုပ်လို့မရဘူး။ ကိုကြီးနဲ့ကိုကြီးလူကြားမှာ ကျွန်တော် မျက်ချေးမဖြစ်ချင်ပါဘူး။ ကျွန်တော့်မှာ နှလုံးသားရှိသလို အလိုက်လည်းသိပါတယ်!!!"
မဟော်မင်းဝေ ဘဝနှင့်ရင်း၍ ကျိန်ပြောရဲပါသည်။ ဝေယံ့ပါးစပ်ဖျားကနေ ၅၂၈ထက်ပိုသော စကားလုံးများကို ကမ္ဘာတည်သရွေ့..မဟုတ်ဘူး ကမ္ဘာအဆက်ဆက်တည်နေသရွေ့ ကြားရမှာမဟုတ်လို့ ထင်မှတ်ထားခဲ့သည်။ အကြောင်းရင်းကား ဝေယံကိုကို့အတွက် မင်းဝေ၏ ဖြစ်တည်မှုသည် အစ်ကိုတစ်ယောက် ဆရာတစ်ယောက်အပြင် မပိုလို့ ထင်ခဲ့သောကြောင့်..။
"ဝေယံက ကိုကြီးကို ကြိုက်တယ်..ဟုတ်လား"
"ဘာတွေအခုမှ သရုပ်ဆောင်နေတာလဲ! သိပြီးသားမဟုတ်ဘူးလား!! အဲ့တာကြောင့် ကျွန်တော့်ကို ရှောင်နေတာမဟုတ်ဘူးလား!!! ဒီမှာ ကိုကြီး ကျွန်တော်က-"
တကယ်လား လို့ မမေးရဲ...။ မဟုတ်ဘူး၊ စနေတာလို့ ပြန်ပြောလာမှာကို မင်းဝေ ကြောက်သည်။ ဘဝမှာ ငိုချင်းချလုမတတ် ဝမ်းသာလုံးစို့ရသည့် ခံစားချက်ကို ဝေယံနဲ့တွေ့မှ ကြုံဖူးတော့သည်။ စကားလုံးပင် ရှာမရတော့ဘဲ ကလေးပေါက်ကို ဆွဲဖက်ကာ ကျေးဇူးတင်ကြောင်း တဖွဖွပြောမိသည်။ ပိန်းပိတ်မှောင်နေသော ကမ္ဘာက အလင်းရောင် ရှာတွေ့သွားသည့်အလား..။
ဝေယံကိုကိုဆိုတာ မင်းဝေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက် ကြီးပြင်းလာသော ကလေး..။ မင်းမြတ်နှင့်အတူ ဆိုဆုံးမဖူးသောကြောင့် ကိုယ့်ညီလေးအရင်းသဖွယ် စိတ်ထားခဲ့ပြီး ဆေးရုံမှာ ပြန်ဆုံတွေ့တော့လည်း ညီတပည့်တစ်ယောက်လို ဂရုတစိုက်သင်ပြခဲ့ရသည်။ သို့ပေမဲ့ တစ်လျှောက်လုံး ဖြူစင်ခဲ့သမျှ ခံစားချက်တို့က ဘယ်အချိန်မှာ အရောင်ပြောင်းသွားသလဲဆိုတာ မဟော်မင်းဝေ သတိမထားမိလိုက်..။
ဝေယံသည် သူ့အတွက် ရိုးရိုးသားသား ညီလေးတစ်ယောက်ပဲ မဟုတ်ဘူးဆိုတာကို မိတ်လုံးကျွန်းက ညမှာစသိခဲ့ရသည်။ ထိုနေ့ညက တစ်နေကုန် ပင်ပန်းလွန်းတာကြောင့် မင်းဝေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ ညသန်းခေါင်းလောက် ဖြစ်မည်ထင်သည်။ ရင်ဘတ်ကို ဖက်တွယ်လာတဲ့ လက်တစ်စုံကြောင့် မင်းဝေ ဆတ်ကနဲနိုးလာသည်။ ပုံမှန်ဆို အအိပ်ဆတ်သူ မဟုတ်ပေမဲ့ အိပ်ရာစိမ်းပေါ် အနားယူရသည့် ခံစားချက်က မင်းဝေကို အရာရာမှာ နိုးကြားနေစေသည်။ ကြည့်လိုက်တော့.. မနေ့ညကလိုပဲ ဖက်လုံးလိုက်ရှာနေပြီဖြစ်တဲ့ ဝေယံ့ရဲ့လက်..။ မင်းဝေ ကြိတ်ရီကာ ထိုလက်ကို သူ့နေရာသူ ပြန်ပို့ကာ ပြန်လည်မှေးစက်ဖို့ ကြိုးစားသည်။ ဒီညတော့ အိပ်ရေးထက်ပျက်လို့မဖြစ်..။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)