(Unicode)
ချစ်သူသက်တမ်း နာရီပိုင်းမျှသာ ရှိသေးသည့် စုံတွဲလည်း ကားပိတ်မှုကနေ ခုနှစ်နာရီထိုးမှ လွတ်မြောက်ခဲ့ကာ ညစာကို ဝေယံ့အကြိုက် ဝက်သားတုတ်ထိုးဖြင့် အဆုံးသတ်ခဲ့ရသည်။ ဝေယံတို့ အိမ်ရှေ့ကိုရောက်တော့ ညကိုးနာရီ ထိုးနေပြီ။ ချစ်ကြည်နူးကောင်းနေဆဲဖြစ်ရာ မဟော်မင်းဝေလည်း ဝေယံ့လက်ဖျားကလေးကို ဖြတ်ကနဲ နမ်းရင်း ကြင်ကြင်နာနာ နှုတ်ဆက်သည်။
"စောစောအိပ်နော်၊ ကိုကြီး မနက်လာခေါ်မယ်"
"ကိုကြီး နေ့တိုင်းအစောကြီး လာရတာ ဘယ်လွယ်မှာလဲ၊ ကျွန်တော် ကို့ယ်ဘာသာကိုယ် သွားနိုင်ပါတယ်"
"အဲ့တာဆို ဝေယံ့ရဲ့စုဘူးလေးတွေ ဘယ်ဗိုက်ပြည့်တော့မလဲ၊ ပိုက်ဆံစုဖို့ကို ဝေယံ တာဝန်ယူ၊ ကျန်တာ ကိုကြီး တာဝန်ထား"
"ဟွန့် တော်ကီတွေကို ကျွန်တော် ကြွေမယ်များ မှတ်နေလား"
ရန်ထောင်နေတဲ့မျက်နှာက ပြုံးစိစိ။ ကားပေါ်က အနမ်းကို ပြန်တွေးမိရင်း ဝေယံကိုကို ရှက်ကိုးရှက်ကန်းဖြစ်လာပါသေးသည်။ ဒါ့အပြင် ရွေးချယ်စရာ မရှိပေမဲ့ ကိုကြီးကို ရည်းစားအဖြစ်ရွေးမှန်တယ်လို့ တွေးမိကာ ပီတိတွေ ဖြာနေမိသည်။ ကိုကြီးက ဝေယံ့ကို နားလည်သည်၊ ဂရုစိုက်သည်။ အဆင့်တက်ပြီးနောက် အရင်တုန်းကလို ဆုံးမမှုများလည်း လျော့ပါးသွား၏။ အတိတ်ကိစ္စပါလာတော့ မဟော်မင်းမြတ်ရဲ့မျက်နှာက အာရုံထဲမှာ ဘွားကနဲ ပေါ်လာပြီး ပျော်ရွှင်မှုများကို ရပ်တန့်သွားစေသည်။
"ဟင်း.. ကိုကြီး ကျွန်တော်တို့ မင်းမြတ်ကို ဘယ်လိုပြောကြမလဲ.."
"ဝေယံ စိတ်မပူပါနဲ့။ ကိုကြီး သေချာပြောပြမှာပါ၊ မင်းမြတ်တင်မကဘူး ဝေယံ့ရဲ့မိဘတွေရော၊ ကိုကြီးမိဘတွေရောကို အနှေးနဲ့အမြန် ဖွင့်ပြောမယ်။ ဝေယံ စိတ်ပျက်မသွားရအောင် ကိုကြီး အစွမ်းကုန် ဂရုစိုက်ပေးမယ်၊ ချစ်ပေးမယ်"
"ဟုတ် ကိုကြီးကို ကျွန်တော်က ယုံပြီးသား"
"ပြောတာကိုက ချစ်စရာလေး"
ကပ်ခွာလိုမျိုး နှစ်ယောက်သား မခွာနိုင်သလို သံယောဇဥ် မဖြတ်နိုင်ကြရှာ..။ အတော်ကြာအောင် စကားပြောပြီးမှ ဝေယံကိုကို ကားပေါ်က ဆင်းသွားတော့သည်။ လက်ကလေးရမ်းကာ နှုတ်ဆက်နေရှာသော ချစ်စဖွယ် ပုံရိပ်လေးကို ကြည့်ပြီး မဟော်မင်းဝေ၏ ဆယ်ကျော်သက် ရင်ခုန်သံများ ပြန်လည်နိုးထလာတော့သည်။ အချစ်စွမ်းအားကြောင့် စိတ်ရောကိုယ်ပါ ရွှင်လန်းလာပြီး အသက်ကို နောက်ပြန်ဆွဲသွားစေသည်။ ဝေယံနှင့်အတူ ရှေ့ဆက်ရမည့် နေ့ရက်များကို ကြိုတွေးရင်း ပျော်နေမိ၏။
CZYTASZ
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)