EP24. Ritty က ဝေယံ့ရည်းစား ခွိ

758 75 36
                                    

(Unicode)

"ကိုမင်းဝေ.. ဝေယံ ဆေးရုံရောက်နေတယ်၊ ခွဲစိတ်ရမယ် ပြောတယ်၊ မြန်မြန်လာပေးပါ.."

ညနေစောင်းမှာ Ritty ဖုန်းဆက်လာခြင်းဖြစ်သည်။ မိဘများ စေခိုင်းမှုကြောင့် လှုဒါန်းပွဲတစ်ခုကို တက်လိုက်ရသည့်အတွက် တစ်နေကုန်သွားသည်ပင် သတိမထားမိလိုက်။ အိမ်ကိုပြန်တဲ့လမ်းမှာ ဝေယံ့ကို ဖုန်းခေါ်ကြည့်သေးသည်။ ဖုန်းမကိုင်တဲ့အပြင် အိမ်မှာလည်း ရှိမနေတာမို့ မဟော်မင်းမြတ်ကို စစ်မေးနေတုန်း ဝေယံ့ဆီက 'ပြန်လာနေပြီ' ဆိုတဲ့ စာဝင်လာမှ မင်းဝေ စိတ်လျော့လိုက်ခြင်းဖြစ်သည်။ ဒါပေမဲ့ နာရီဝက်လောက်အကြာမှာ ကြားလိုက်ရတဲ့သတင်းကြောင့် ပူထူသွားကာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ရ၏။

"ကိုကြီး ကျွန်တော် ကိုကြီးခွားကို ဖုန်းထပ်ဆက်လိုက်တယ်၊ သီချင်းသွားဆိုရင်း ရန်ဖြစ်ကြတာတဲ့၊ တဖက်ကကောင်လည်း ထိသွားတယ်ပြောတယ်။ အခု ကိုကြီးတို့ ဆေးရုံမှာပဲတဲ့"

"အင်း သိပြီ၊ မြန်မြန်မောင်းပေး အဲလက်စ်"

"ဟုတ် ကိုမင်းဝေ"

မဟော်မင်းဝေ တည်ငြိမ်နေသယောင် ဟန်ဆောင်ထားပါသော်လည်း အတွင်းစိတ်က ပြိုလဲနေပြီဖြစ်ကာ ဝေယံ့ဆီကို ပြေးသွားချင်စိတ်တစ်ခုသာရှိသည်။ အခြေအနေ ဘယ်လောက်ထိ ဆိုးဝါးနေသလဲဆိုတာကို တွေးမိရုံနဲ့တင် အသက်ရှုတွေပါ မွန်းကြပ်လာ၏။ မင်းမြတ်သည်လည်း တစ်ကိုယ်လုံး တုန်ယင်နေပြီမို့ အဲလက်စ်ကပဲ ကားမောင်း၍ ဆေးရုံကို ထွက်လာကြသည်။

ဆေးရုံပါကင်မှာ ကားရပ်လိုက်တာနဲ့ မင်းဝေ ချက်ချင်း ဆင်းသွားကာ အရေးပေါ်ဌာနကို ပြေးတော့သည်။ အရေးပေါ်ဌာနက တာဝန်ကျဆရာဝန်ကို ရှာ၏။ သူနာပြုဆရာမလေးများသည်လည်း မဟော်မင်းဝေကို မျက်မှန်းတန်းမိနေလေရာ အနားကို ရောက်ရှိလာကြတော့သည်။

"ဆရာ ဘယ်သူ့ကိုရှာနေတာလဲ"

"ဒီနေ့ ဘယ်သူ့ဂျုတီလဲ"

"ဆရာသက်စိုးပါ၊ ဟိုမှာ လာနေပြီ"

"ဟာ မင်းဝေ ဘယ်သူဘာဖြစ်လို့လဲ"

အရေးပေါ်ဌာနထဲကို စိုးရိမ်တကြီး ဝင်လာပြီဆိုကတည်းက ကိစ္စတစ်ခုခုရှိမှန်း အတွေ့အကြုံပါးဝနေတဲ့ ဒေါက်တာသက်စိုးမောင် တန်းသိလိုက်လေသည်။ သွေးမရှိတော့ဟန် ဖြူဆုတ်တဲ့ မင်းဝေရဲ့မျက်နှာပေးက ပုံမှန်မြင်နေကျပုံစံနဲ့ ကွဲပြားလွန်းလှသည်။

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Where stories live. Discover now