(Unicode)
"အဲ့ကောင် ဘာကောင်လဲ၊ မင်းကိုများ စော်လားကားလားနဲ့"
"ငါ ပြောသားပဲ၊ ကိုကြီးနားကပ်ပြီး မာန်တက်နေတဲ့ကောင်"
"နည်းနည်းလည်းတုံးမယ့်ပုံပဲကွ"
"မင်း မမြင်လို့၊ အရင်ကဆို ငါ့ကိုဘယ်လိုဆက်ဆံတယ်ထင်သလဲ အဲ့ကောင်က"
"ငါ့ကိုပြောစမ်း၊ မင်းကို ဘယ်လိုဆက်ဆံလဲ"
သူငယ်ချင်းနှစ်ယောက်သား ဂျင်ဆန်းသိုက်လေးအကြောင်းကို တက်ညီလက်ညီ အတင်းထိုင်တုပ်ကြရင်း စားလက်စမနက်စာကို တစ်နာရီကျော်အောင် စားလိုက်ရသည်။ အောင်ထွန်းသိုက်က ဘာမှမလုပ်ရှာပေမဲ့ သူ့ကိုယ်သူနစ်နာသူလို့ ခံယူထားတဲ့ ဝေယံကိုကို့ဘက်မှာ မဟော်မင်းမြတ်က အပြည့်အဝ ရပ်တည်သည်။ ကိုယ့်သူငယ်ချင်း ရွဲ့စောင်းနေတာကိုကျ မမြင်၊ တဖက်က အလိုက်မသိတာကိုပဲ အပြစ်ဖို့ကြသည်။
"အောင်ထွန်းသိုက်က မင်းကို ဟားနေတာပဲ၊ ငါ ဒေါသထွက်လိုက်တာ"
"မင်း ငါ့ကိုနားလည်ပြီမလား၊ ငါ့ကို မြင်တာနဲ့ ခနဲ့ပြုံးပြုံးပြသေးတာ၊ သွားရန်ထောင်ကြည့်၊ အမေတပြီး ငိုပြလိမ့်မယ်"
"ဘာလဲ Mama Boyလား"
"အင်း တစ်ဦးတည်းသောသားတဲ့"
"Mama Boy တွေက ညှိနှိုင်းရအခက်ဆုံးပဲ၊ သူတို့အမေတွေရှေ့ဆို စကားတောင်မပီချင်ဘူး"
ထိုစဉ် အခန်းတံခါးဖွင့်သွားပြီး..
"မေ့သားငယ်လေး"
"ဟာ မေကြီး.."
"သူငယ်ချင်းနှစ်ယောက် စကားများနေတာပဲ"
"မေကြီးကို သားက လွမ်းနေတာ"
ခုနကမျက်နှာထားနဲ့ လားလားမျှမဆိုင်။ မဟ်ေမင်းမြတ်တို့က သူ့အမေရင်ခွင်ထဲတိုးဝင်ကာ ပတ်ချွဲနှပ်ချွဲ စလုပ်တော့သည်။ အဖေဖြစ်သူကလည်း သားငယ်ကို ပြုံးကာ ကြည့်သည်။ မဟော်မင်းဝေကတော့ မိဘတွေကို ကျော်တက်၍ ဝေယံ့အနားကို အရောက်လာသည်။ မင်းဝေတို့အမေ ဒေါ်မြင့်သဇင်လည်း သားငယ်ကို ခဏခွာ၍ ဝေယံ့ကုတင်မှာ ဝင်ရပ်ကာ လက်ကိုယူကြည့်သည်။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)