(Unicode)
"ပြော ခခွေးကနေ အ အထိ ငါ အကုန်ကြားချင်တယ်"
"ကကြီးဖြစ်ရမှာလေ.."
"ငါ အစသိထားတယ်လေ!!"
ဖြိုးဝေသာတစ်ယောက် တုတ်တစ်ချောင်းကိုင်၍ ခြံဝန်းထဲမှာ ပတ်လျှောက်နေသည်။ ဝေယံကိုကိုကတော့ ယောင်းမမြင်းစီးထွက်မိသည့် သမီးမိုက်လေးအလား ခုံပေါ်မှာ ကုပ်ကုပ်ကလေး ထိုင်နေရသည်။ မဟော်မင်းဝေက သူလိုက်ရှင်းပြမယ် ပြောပါသော်လည်း ဖြိုးဝေသာ အကန်းတတ်နေမှာစိုးသဖြင့် အိမ်ကိုသာ လိုက်ပို့ခိုင်းပြီး အတင်းပြန်လွှတ်လိုက်သည်။ ကိုကြီးကို မိမိကလွဲ၍ ဘယ်သူ့ကိုမှ မခယစေလိုသော ချစ်အတ္တစိတ်လေးလည်း ဝေယံကိုကို့မှာရှိသည်။ ဒါကြောင့် တစ်ယောက်တည်း ခေါင်းငုံ့ခံမည်ဟု ဆုံးဖြတ်လိုက်ချိန်မှာ
ဒုန်း!
"ဝေယံကိုကို နင် အနေတာလား၊ ငါ အကုန်ကြားချင်တယ်လို့ ပြောနေတယ်နော်!!"
"ပြောပါ့မယ် နင်ကလည်း.."
အတင်းပြောရရင် ဖြိုးဝေသာက Hulk မျိုး Hulk နွယ်၊ သူငယ်ချင်းသုံးယောက်ထဲမှာ သူ အအေးဆုံးထင်ရသော်လည်း စိတ်တိုလာရင် တိုင်ဖွန်းမုန်တိုင်းထက်ပင် အမွှေအနှောက်ကြမ်းသေးသည်။ သူ့မျက်နှာကြည့်ခြင်းအားခြင်း တကယ်ဒေါသထွက်နေမှန်း သိတာကြောင့် ဝေယံကိုကို အာမခံရဲပါ။ လက်မြှောက်အရှုံးပေးထားသော အသံငယ်လေးဖြင့်..
"ငါတို့ ရည်းစားဖြစ်တာ မကြာသေးပါဘူး၊ အဲ့တုန်းက...ငါက လက်ထိသွားတယ်၊ အဲ့တာနဲ့ ကိုကြီးက အိမ်ပြန်လိုက်ပို့ရော၊ အဲ့မှာ ငါလည်း စိတ်မထိန်းနိုင်တော့ဘဲ ပြောချပစ်လိုက်တာ... အဲ့ကျမှ သိလိုက်ရတာက သူကလည်း ငါ့ကို ကြိုက်နေတာတဲ့...အဲ့တာနဲ့ အဲ့လိုကနေ..ဒီလိုမျိုး.."
"နင်နဲ့မတူအောင် ဝေ့ဝိုက်နေတယ် ငါရိုက်ထည့်လိုက်မယ်၊ ပြောစမ်း နင်တို့တွဲတာ ဘယ်လောက်ကြာပြီလေ.."
"တစ်လနည်းနည်းကျော်.."
"ဘာ!! ဝေယံကိုကို!!"
နားစည်ကွဲတော့မယ်ထင်တာပဲ။ ဝေသာ့ရဲ့မိဘတွေ အိမ်ပြန်မရောက်သေးတာ အလွန်ကံကောင်းသည်။ ဝေသာ အဖြစ်မှန်ကိုမနည်းလက်ခံနေရဟန်နဲ့ ရင်ဘတ်ကို ဖိထားကာ ဒေါကြီးမောကြီးပြောသည်။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)