(Unicode)
မဟော်မင်းမြတ်တစ်ယောက် ဖိနပ်ကိုပင် ဆက်မချွတ်နိုင်တော့....။ မယုံနိုင်သော မျက်ဝန်းများနဲ့ မီးဖိုခန်းဆီကို တစ်လှမ်းချင်းလျှောက်သွားသည်။ ပါးစပ်ကိုလည်း လက်ဝါးဖြင့် ပိတ်ထားသေးသည်။ ထိုပုံစံကြောင့် ဝေယံကိုကို့ခမျှာ နာနေတာပါ မေ့လျော့သွားကာ အသက်ရှုရပ်တန့်သွားရ၏။ မင်းမြတ်ကို တားဆီးရန် မင်းဝေ အပြေးလာသော်လည်း မမှီတော့ချေ။
"ဝေယံကိုကို!!"
"မင်း..မင်းမြတ် ငါ ရှင်း-"
မဟော်မင်းမြတ်ပါတဲ့၊ ဒီတိုင်းဘယ်နေမလဲ..။ ဝေယံ့ကို အားရပါးရပြေးဖက်လိုက်ပြီး...
"ဝေယံကိုကို.. ငါ ရင်ထဲထိသွားပြီ၊ ငါ ရန်ကုန်လာနေတာကို ငါ့ story ကနေ ရိပ်မိသွားလို့ ကြိုလာစောင့်နေတာမလား"
သူငယ်ချင်းများ မြင်ပါစေဆိုတဲ့ စိတ်ကူးနဲ့ အဝေးပြေးလမ်းဘေးက ကွင်းပြင်ကြီးကို ရိုက်ကာ "Way to Second Home" ဆိုပြီး မင်းမြတ် တမင်တကာ တင်ခဲ့တာဖြစ်သည်။ မနေ့ညက ဘယ်သူမှ ဖုန်းခေါ်မလာပေမဲ့ ဒီလိုကြိုစောင့်နေလိမ့်လို့ တကယ် ထင်မထားခဲ့..။ ဖုန်းမပြောနဲ့ လိုင်းသုံးဖို့တောင် အချိန်မရှိခဲ့တဲ့ ဝေယံကတော့ ခေါင်းကို ကဗျာကယာငြိမ့်ရင်း ချော်လဲရောထိုင်သည်။
"အင်း ဟုတ်တယ်၊ မင်းကို စောင့်နေတာ"
"ငါ တကယ်ထင်မထားဘူး၊ ငါ လယ်ကွင်းလေးပဲ တင်လိုက်တာကို မင်းက မြင်တယ်ပေါ့၊ အရမ်းတွေ Touch ဖြစ်သွားပြီ။ မွှေးနေတာပဲ ဘာစားနေတာလဲ.."
"ဒါ ဆန်-"
"ကိုကြီးက သားအတွက် ဆန်ပြုတ်ပါ ချက်ထားတယ်!!"
ဆန်ပြုတ်နံ့ခပ်သင်းသင်းကြောင့် ဝေယံ့ရှေ့ကပန်းကန်ကို မင်းမြတ်လှမ်းဆွဲလိုက်သည်။ တစ်ဇွန်းလောက် အရသာခံကြည့်ပြီး အကြိုက်တွေ့ပြီဆိုမှ အငမ်းမရစစားတော့သည်။ မင်းဝေက တစ်စုံတစ်ရာ ပြောလိုဟန်နဲ့ ရှေ့တိုးလာပါသော်လည်း ဝေယံ ခေါင်းခါပြလိုက်သည်။ နောက်မှပြောဆိုတဲ့သဘော..။ သို့ပေမယ့် လာရင်းကိစ္စကို မေးမြန်းကြည့်ရန် လိုအပ်သေးသည်လေ။ မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ပြီး..
ESTÁS LEYENDO
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)