(Unicode)
သို့နှင့် ဆရာမင်းဝေ မပါသော ကျွန်းပေါ်မှ တစ်နေ့တာကို ထင်ဗလကပဲ ဦးဆောင်သည်။ နေ့စဥ် လုပ်သင့်သော ကိုယ်ကာယလေ့ကျင့်ခန်းများကို သင်ကြားပေးရုံသာ ကျန်ရှိတော့သည်မို့ မဟော်မင်းဝေရဲ့ ကွက်လပ်က မသိသာလိုက်ပါ။
မပြန်ခင် ကျွန်းပေါ်မှာ Emerald ဆေးရုံမှ လုပ်အားပေးလာသူများ အဖွဲ့လိုက်ဓါတ်ပုံရိုက်ကြတော့လည်း မဟော်မင်းဝေ မပါသည်ကို တွေးမိပြီး ဝေယံကိုကို စိတ်မကောင်းဖြစ်ရသည်။ အလွန်ပင် ငေးငိုင်ခဲ့ရသော နေ့တစ်နေ့ပါပေ..။ နောက်တစ်ရက်တွင်တော့ မိတ်လုံကျွန်းကို နှုတ်ဆက်၍ ရန်ကုန်ကို ပြန်လာကြသည်ဖြစ်ရာ ဝေယံကိုကို၏စိတ်ကလေး ပြန်လည်လန်းဆန်းလာသည်။ သို့ပေမဲ့ အောင်ထွန်းသိုက်က အလိုက်မသိ..။
"ဝေယံ ဆရာမင်းဝေက ဘာလို့ပြန်သွားတာလဲ"
"ငါ့ဘာလို့လာမေးနေတာလဲ၊ ငါ ဘယ်သိမှာလဲ"
"မဖြစ်နိုင်တာ၊ မင်းနဲ့ အဲ့လောက် ရင်းနှီးတာကို၊ ဘာလဲ သူ့ရည်းစားက စိတ်ကောက်သွားလို့လား"
"မင်း သိချင်ရင် ဖုန်းဆက်ပြီး မေးလိုက်လေ၊ ငါ့ကို လာမမေးနဲ့၊ ငါက သူ့PA မဟုတ်ဘူး"
အမှန်တော့ အောင်ထွန်းသိုက်ရဲ့ စပ်စုမှုကြောင့် မေးခွန်းထုတ်ချင်စရာ ဖြစ်လာသည်။ ကိုကြီးမင်းဝေမှာ ရည်းစားမရှိတာအမှန်ပေမဲ့ သူ လိုက်နေတဲ့တစ်ယောက်ယောက်တော့ ရှိချင်ရှိနိုင်သည်။ အဲ့တစ်ယောက်ယောက်ကြောင့် အပြေးပြန်တာများလား..။ ဒီလိုတွေးလိုက်မိတော့ ရုတ်တရက် ရင်ဘတ်ထဲမှာ ဂဏာမငြိမ်သလို ခံစားလာရသည်မို့ ဝေယံကိုကို ရှုဆေးကိုသာ ထုတ်ရှုနေလိုက်သည်။
ရန်ကုန်ဆိပ်ကမ်းကို ကပ်တော့ အချိန်က ညနေငါးနာရီ ကျော်နေပြီ။ ဟေမာန်ကိုကိုက သူ့ရုံးအပြန် လမ်းကြုံဝင်ကြိုပေးရှာပါသည်။ ဝေယံကိုကို ကားပေါ်ရောက်တာနဲ့ အစ်မကို နှုတ်မဆက်အားဘဲ ဖုန်းထုတ်ကာ စာတစ်ကြောင်းပို့လိုက်သည်။
-ကိုကြီး ဘာလို့ စောပြန်သွားတာလဲ-
အချိန်တွေသာ ကြာလာသည် ဘာပြန်စာမှမလာ။ ဝေယံကိုကို ဖုန်းကိုသာ စူးစိုက်ပြီး ကြည့်နေဆဲ..။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)