EP2. သူစိမ်းလို နေကြမလား

779 70 26
                                    

(Unicode) 

"ဒီနေ့ ဆွေးနွေးဖို့ ခေါ်လိုက်ရတဲ့ အကြောင်းက အရိုးဌာနကို အသစ်လာမယ့် MO တွေအတွက် ဒေါက်တာတို့စီ ချထားပေးချင်လို့"

Emerald ဆေးရုံ၏ အုပ်ချုပ်ရေးပိုင်းသည် လူသစ်နေရာခန့်ခွဲရေးကို တာဝန်ယူထားသည်ဖြစ်ရာ လူနာကုသခြင်းနှင့်အတူ အနီးကပ် သင်ကြားပေးရန် သင့်တော်သော ပင်တိုင်ဆရာဝန်ကြီးများကို ဌာနအလိုက် ရွေးချယ်၍ ညှိနှိုင်းဆွေးနွေးနေခြင်းဖြစ်သည်။ ညှိနှိုင်းသည်ဟု ခေါင်းစဉ်တပ်သော်လည်း ချုပ်ဆိုထားသော စာရွက်စာတမ်းများအရ ဆရာဝန်ကြီးသည်ပင် တာဝန်ပေးလာလျှင် မလွဲမသွေလက်ခံရစမြဲ။ 

"ဒီလေးယောက်လား၊ တို့တွေစီလာမှာက"

"ဟုတ်ပါတယ် ဒေါက်တာ၊ သွက်လက်ပြီး အရည်အချင်းရှိတဲ့ကလေးတွေကို ဒေါက်တာမြသက်မောင် ကိုယ်တိုင် ရွေးပေးသွားတာပါ"

"အဲ့ကောင် သူကျ လက်ရှောင်ပြီး UK ကိုသွားတယ်၊ ပိတ်ထိုးပစ်ရမှာ"

ဒေါက်တာလူမော်ဦးနှင့် ဒေါက်တာမြသက်မောင်တို့က တစ်နှစ်တည်းဆင်း ရွယ်တူများဖြစ်သလို ဌာနတူ ဆရာဝန် အရင်းအချာများလည်း ဖြစ်သည်။ သူတို့ချင်းသာ ပြောမနာဆိုမနာ ဖြစ်ကြသော်လည်း မဟော်မင်းဝေအတွက်ကမူ လုပ်ငန်းခွင်ဖြစ်နေသောကြောင့် နားထောင်ရန် ရင့်သီးလွန်းလှသည်။

"ဒေါက်တာမြသက်မောင်ကိုယ်စား ဒေါက်တာမင်းဝေက MO တစ်ယောက်ယူပေးပါနော်"

"ယူပေးတာက ရပါတယ်၊ ဒါပေမဲ့ ဒေါက်တာမြသက်မောင် ပြန်လာရင် ကျွန်တော် ဘယ်လိုလုပ်ပေးရမလဲ"

"ကျွန်မတို့ဆီ ရောက်လာတဲ့ အီးမေးလ်အရဆိုရင် ဒီကိစ္စတွေကို ဒေါက်တာမြသက်မောင်က အပြီးလွှဲသွားတာပါ၊ ဒေါက်တာ့ကိုပဲ တာဝန်ယူစေလိုပါတယ်"

"သဘောပေါက်ပါပြီ၊ ကျွန်တော် ဘယ်တစ်ယောက်ယူပေးရမလဲ"

"ခဏနော် ဒေါက်တာမင်းဝေ၊ ကျွန်မတို့ အရင်ရွေးလိုက်မယ်"

ဝါရင့်ဆရာဝန်ကြီးများ ဖြစ်လင့်ကစား MO ဆရာဝန်ငယ်လေးများကို သူ့ထက်ငါအပြိုင် လုရွေးရန် ဆန္ဒစောနေကြ၏။ အမျိုးသမီးများကို ဦးစားပေးလိုသည့်သဘောနှင့် မျက်စိရှေ့မှ ဖိုင်တွဲလေးတွဲကို မဟော်မင်းဝေ လက်ဖယ်ပေးလိုက်သည်။

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Where stories live. Discover now