(Unicode)
ကားဝပ်ရှော့က အနည်းငယ်ကြာမည်ဆိုလာသောကြောင့် အဲလက်စ်ကို မစောင့်တော့ဘဲ သုံးယောက်တည်း နေ့လည်စာစားရန် ပြင်ဆင်သည်။ မင်းဝေက မြန်မာဟင်းကို ဆိုင်လိုက်သိမ်းလာသလား အောက်မေ့ရအောင် အတို့အမြှုပ်ပါမကျန် အစုံအလင်ဝယ်လာသည်။ ဒါ့အပြင် အချိုတည်းစရာ ရွှေရင်အေးနဲ့ ဆနွင်းမကင်းတွေပါ ပါသေးသည်။ ဝေယံကိုကိုဆိုတာ ထမင်းစားပွဲမှာ ထိုင်တာနဲ့ သွားရည်တမြှားမြှားကျနေပြီ။
"အများကြီးပဲ၊ ဝက်သားဆီပြန်က စားချင်စရာကြီး"
"ကြိုက်မှန်းသိလို ကိုကြီး ဝယ်လာတာ၊ ထမင်းစားပြီးမှ အချိုပွဲ အေးအေးလေးစား"
"ဟုတ် ကိုကြီး၊ ထမင်းအများကြီးခူးပေး"
"ခဏနေဦး ကိုကြီး ကူရှင်သွားယူလိုက်ဦးမယ်"
ဝေယံ့အတွက် ဆိုဖာပေါ်မှာ မေ့ထားခဲ့သော ဖင်ခုကူရှင်ကို မင်းဝေ ပြေးယူပေးရှာသည်။ မင်းမြတ် ထွက်မလာသေးသည်မို့ ဒီလိုဂရုစိုက်မှုတွေကို ဖော်ပြနေနိုင်ခြင်းဖြစ်သည်။ ဝေယံလည်း ကျေနပ်လွန်းအားကြီးစွာနဲ့ ဖင်လေးကို အသာကြွပေးလိုက်ကာ အိအိစက်စက် ထိုင်တော်မူသည်။ အကုန်ခူးခပ်ပြင်ဆင်ပြီးသွားတော့မှ မင်းမြတ်တစ်ယောက် နှေးတိနှေးကန် ထွက်လာသည်။
"မဟော်မင်းမြတ် လာကွ၊ ငါ ဗိုက်ဆာနေပြီ"
"လာပါပြီ"
အဖြစ်မှန်သိသွားတဲ့ မင်းမြတ်ကတော့ သူ့အစ်ကို့ကို ပါပီပေါက်လေးသဖွယ် မျက်လုံးဝိုင်းကြီးများနဲ့ အရင်ကြည့်သည်။ ပုံစံက အလွန်တရာ အသည်းနင့်နေသည်နှယ်။ မင်းဝေလည်း ရင်ထဲထိတ်ကနဲဖြစ်သွားကာ ခေါင်းကို ကဗျာကယာခါပြသည်။
"မရဘူး၊ ဒီနေ့မှ ရောက်တာ၊ မုန့်ဖိုးတောင်းဖို့ မစဉ်းစားနဲ့"
"မတောင်းပါဘူး၊ ဒါနဲ့ ကိုကြီး ပိန်သွားသလားလို့ သား ကြည့်နေတာ"
"မပိန်ပါဘူး၊ စိတ်ချမ်းသားလွန်းလို့ ခက်နေတာ။ လာ ထိုင် စားတော့"
"ဟုတ်.."
စားတော့သောက်တော့လည်း မင်းမြတ်က အစားအသောက်အပေါ် အာရုံသိပ်မရ။ ထမင်းကို ထိုးဖွကာ တို့ကနန်းဆိတ်ကနန်းစားသည်။ ဝေယံကတော့ ဟင်းကြီးဟင်းငယ် ခြံရံကာ ထမင်းမြိန်မြိန် စားသုံးသည်။ သို့ပေမဲ့ ငါးဖယ်ကြော်ခွက်ကို မနှိုက်သေးသည်ကို မင်းဝေ မြင်နေရသည်မို့ မင်းမြတ် ပန်းကန်ထဲ တစ်တုံးအရင်ထည့်ပေးပြီးမှ ဝေယံ့ ပန်းကန်ထဲကို နှစ်တုံးထည့်ပေးလိုက်သည်။ ဝေယံက ပါးလုတ်ပါးလောင်းဝါးနေရာကနေ မော့ကြည့်လာပြီး ငါးဖယ်တစ်တုံးလုံးကို ပါးစပ်ထဲကောက်သွတ်လိုက်သည်။ ထိုချစ်စဖွယ်ပုံရိပ်လေးကြောင့် မင်းဝေရဲ့မျက်ဝန်းများ ကွေးညွှတ်သွားရ၏။
KAMU SEDANG MEMBACA
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)