(Unicode)
လွန်ခဲ့သော သုံးနှစ်ကလိုပါပဲ..၊ Ritty သည် တချက်ကလေးမှ ပြောင်းလဲသွားခြင်းမရှိ။ အရင်ကထက် ပိုရင့်ကျက်လာသယောင်ထင်ရကာ အကြည့်များလည်း ပိုတည်ငြိမ်လာသည်။
မဟော်မင်းဝေ စိတ်ထဲတွင် အံ့သြခြင်းထက်ပိုသည့် ရင်ခုန်ခြင်း၊ မှင်သက်ခြင်းများ အလျင်းမရှိတော့..။ Ritty တိုးကပ်လာသည်နှင့်တပြိုင်နက် ဝေယံ့ကို ချက်ချင်းလှမ်းကြည့်မိလိုက်သည်။ ထိုအချိန် ဝေယံလေးမှာ သူ့ကိုပြန်ကြည့်နေရင်း မျက်လုံးလေးများ ဝိုင်းစက်နေရှာ၏။ ထိုအကြည့်တွေကြောင့်ပင် အမျိုးအမည်မသိသော ရင်ပူခြင်းများ ထိုးတက်လာကာ ဖက်တွယ်ခံထားရနေ ရုန်းထွက်လိုက်သည်။ Ritty ကတော့ ရိပ်မိပုံမရဘဲ ပြုံးရွှင်စွာပြောလာသေးသည်။
"အစ်ကို ဘာဆေးတွေစားလို့ ပိုနုလာတာလဲ"
"ဒီကို ဘယ်လိုရောက်နေတာလဲ"
'မင်းရော.. အရင်အတိုင်းပဲနော်' လို့ ပြောလာစေချင်သော်လည်း မင်းဝေ စိမ်းကားသွားမည့်မျက်နှာကို Ritty ကြိုမျှော်လင့်ထားသည်ဖြစ်ရာ အထူးတလှယ် ခံစားမနေတော့..။ အဆင်ပြေနေပုံရသည့် မျက်နှာကိုသာတစ်ဝကြီး ငေးကြည့်နေမိသည်။
မနေ့ညနေက မင်းမြတ် ဖုန်းဆက်လာပြီး အတိတ်ကဖြစ်ရပ်ကို ပြန်ပြောပြခဲ့သည်။ ကိုယ်သာ အမှန်လို့ တွေးထားရာကနေ မင်းဝေဘက်ခြမ်းကို မြင်လိုက်ရသည့်အခါ Ritty သုံးနှစ်တာအတွင်း မရရှိခဲ့ဖူးသည် နောင်တကို ခံစားလိုက်သည်။ ဤသုံးနှစ်လုံး ကိုယ်ကသာ နစ်နာသူလို့ တွေးထင်ထားခဲ့သည်။ အမေဖြစ်သူ စိတ်ပေါ့သွားအောင် ပြောခဲ့သည့် စကားလုံးများကို သူ ကြားခဲ့မယ်လို့ တကယ်မမျှော်လင့်ခဲ့..။
မိမိဘက်ကလည်း လိုအပ်ချက်ရှိပေမဲ့ ထိုစဥ်က မာနတစ်ခုကို စွဲကိုင်ထားခဲ့သည်။ စွန့်ပစ်ခံရပြီးနောက် ဘယ်တော့မှ သူ့ခြေရင်း မဝပ်ဆင်းဘူးလို့..။ ထိုမာနကြောင့်ပဲ အသည်းကွဲသည်ကို ကြိတ်မှိတ်ခံခဲ့သည်၊ ပျော်ရွှင်နေကြောင်း အသိပေးခဲ့သည်..၊ ပြီးတော့ သူ ပြန်လာခေါ်မည့် တစ်နေ့ကို စောင့်ဆိုင်းနေခဲ့သည်။
သုံးနှစ်ကြာပြီးနောက်မှ သူခံစားခဲ့ရသည်များကို သိလိုက်ရကာ ထားရှိခဲ့မိတဲ့ မာနများကို Ritty ပထမဦးဆုံးအကြိမ် မုန်းတီးခဲ့သည်။ အဲ့တုန်းက... သူသာ တစ်ကြိမ်လောက် တောင်းပန်ခဲ့မယ်ဆိုရင်...။
YOU ARE READING
8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)