💜Author Note💜

609 39 22
                                    

မင်္ဂလာပါရှင့်။ နီနီပါ..။

နောက်ဆုံးရေးရတဲ့ Author Note ကို ရောက်လာခဲ့ပြီပေါ့နော်။ အချိန်တွေ ကုန်တာမြန်လိုက်တာ..။ နီ တကယ်တောင်းပန်ချင်တာက ဒီ‌တစ်ခေါက်က စာတင်ပေးရင် နီ အလုပ်အရှုပ်ဆုံးကာလကို ဖြတ်သန်းရတာပါပဲ။ ‌စောင့်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင်။ 

နီ တင်ဖို့ ကျန်နေတာလေးတွေလည်း ရှိနေသေးတော့ နှုတ်ဆက်စာကို မရေးသေးပါဘူး။ 972 အကြောင်းပဲ ပြောလိုက်ရအောင်..။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း 1500 မေတ္တာထဲကနေ 528 မေတ္တာကို နှုတ်ထားတဲ့ ကိုးခွန်နှစ်က ညီအစ်ကို သံယောဇဉ်နဲ့ ချစ်သူမေတ္တာကြားမှာ လွန်ဆွဲတဲ့ အကြောင်းလေးပါ။  

ပထမဆုံး အားလုံးအံ့သြသွားကြတဲ့ ဝေယံတို့ မိသားစုအကြောင်းကနေ စပြောချင်ပါတယ်။ လုံးဝကို ထင်မထားကြတဲ့ ပျော်ပျော်နေတတ်တဲ့ မိသားစု နောက်တစ်ခုပါပဲ။ TL ဇာတ်သွားအရ နီ့ဇာတ်ကောင်တွေရဲ့ မိသားစုအများစုက သားသမီးကို လက်ခံပေးတတ်ပြီး ဖေးမတတ်ကြသလို ဝေယံတို့မိသားစုကလည်း ထို့အတူပါပဲ။ သားသမီးကို ပျော်ရွှင်စေချင်ပြီး ပွင့်လင်းစွာ လက်ခံပေးတတ်တဲ့ မိသားစုမျိုးပါ။ 

ဝေယံကတော့ စိတ်မြန်သလို ကိုယ့်ကိုကိုယ် လက်ခံနိုင်ဖို့ လွယ်ပါတယ်။ သူ့ပုံစံက ဘုဆတ်ဆတ် နိုင်ပေမဲ့ ပြတ်သားတတ်တဲ့ သူမျိုးမို့ပါ။ ဟေမာန်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အရာရာမှာ မျိုသိပ်တတ်သလို အတွေးများတဲ့ သူတစ်ယောက်ပါပဲ။ ဟေမာန်နဲ့ ခင်မဒီကို နီ mini story တင်ပေးဖို့ရှိပါတယ်။

ဘုဆတ်ဆတ်လေးကိုမှ ကြွေသွားတဲ့ မင်းဝေကတော့ ထပ်ချစ်ရမှာ ကြောက်ရွံ့နေပေမဲ့ သူကိုယ်တိုင် မသိခင်မှာပဲ ချစ်မိနေပါပြီ။ နီလေ.. ပိုးခွားနဲ့ ရမယ် ထင်ထားတဲ့ သူတွေကို တကယ်အားနေပေမဲ့ နီ သူတို့ One Shot ကို ရေးပြီးကတည်းက ဘဝင်မကျခဲ့ပါဘူး။‌ ပြောရရင် ပိုးခွားနဲ့ မင်းဝေကို တွဲကြည့်လိုက်မိရင် နီ ကိုယ်တိုင် သဘောမကျနေမိတာကနေ အချက်အလက်တွေကို ဆက်ဆွဲမိပါတယ်။ အဆုံးသတ်ကတော့ ငြိမ်းချမ်းသော လမ်းခွဲခြင်းပေါ့ရှင်..။ 

ဒါပေမဲ့ ပိုးခွားကိုလည်း နီ စာဖတ်သူတွေရဲ့ အမုန်းကို မခံယူစေချင်ပါဘူး။ အဲ့တာကြောင့် သူ့ဘက်က အမြင်နဲ့ သူ့စိတ်ဓာတ်ကို နီ ရအောင်ဖော်ပြခဲ့ပါတယ်။ ပိုးခွားတင်မက ကာရိုက်တာတိုင်းကို အချစ်ခံလေးတွေပဲ ဖြစ်စေချင်ပါတယ်။ 

8. ကျွန်တော့်အချစ် ကိုးခွန်နှစ် (On Going)Where stories live. Discover now