P - 1 ( Zg + Uni) 💔💔💔

4.1K 91 6
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 1 }

" ပုံတုံးမ....!  "

ခေါ်သံကြောင့်  လှည့်ကြည့်ဖို့ မပြင်လိုက်တော့ဘဲ
မိန်း မျက်နှာကို ရှေ့ကိုသာ လှည့်ထားလိုက်သည်။

ပုံတုံးမလို့ ခေါ်တာ မိန်းကို မုန်းနေတဲ့
ဒီမြဲမှော်ကလွဲပြီး ဘယ်သူမှ မရှိခဲ့။

ရယ်တော့ရယ်ရသား ငယ်ငယ်တည်းက
မတရားခင်ခဲ့တဲ့ မိန်းနဲ့ ဒီမြဲမှော်က ဆယ်တန်းကျမှ
ကမ္ဘာ့ အမုန်းတီးဆုံး လူသားနှစ်ယောက်
ဖြစ်လို့သွားသည်။ အကြောင်းကလည်း
သွားမမေးနဲ့ သူ့ အမေ စီးလာတဲ့ကားနဲ့ မိန်း အမေ
စီးလာတဲ့ ကားက အချင်းချင်းတိုက်မိပြီး
သူ့ အမေရော မိန်းအမေရော နှစ်ယောက်စလုံး
ရဲ့အမေတွေ ဆုံးသွားကြသည်။ ဒါကြောင့် မိန်းကို
သူ့က  မုန်းနေတာလေ။ ကားချင်းမတိုက်ခင်
ကလည်း သူ့ အမေရဲ့ တင်ဒါက အောင်မြင်သွား
လို့ မိန်း အမေက မကျေနပ်တာနဲ့
သူ့ အမေနဲ့ အချင်းများခဲ့သေးတယ်တဲ့။

အဲ့တာကြောင့် သူ့ အမေ စီးလာတဲ့
ကားကို မိန်း အမေက ရည်ရွယ်ချက်
ရှိရှိနဲ့ ဝင်တိုက်ခဲ့တာတဲ့လေ။

ဘယ်လောက်တောင် ရယ်ချင်စရာကောင်းလိုက်လဲ။
သူတင် မဟုတ် သူ့ အဖေကပါ ထိုသို့ထင်မြင်ပြီး
မိန်းနဲ့  မိန်း အဖေကို မုန်းနေတာလေ။

မိန်းကတော့ သူ့ကို မမုန်းပါ။ သူ့ကသာ မိန်းကို
တစ်ဖက်သတ်ဇွတ်မုန်းနေတာလေ။

မိန်းအဖေကလည်း သူတို့ သားဖ မိန်းတို့
ကို မုန်းသလို မုန်းလေသည်။
မမုန်းတာဆိုလို့ မိန်း  တစ်ယောက်သာ
ရှိသည်။

တကယ်တမ်း  မိန်း အမေကို သူတို့ စွပ်စွဲရအောင်
မိန်း အမေကလည်း သေခဲ့ရတာပဲလေ။
အဲ့တာကို သူ့ အမေသေတာကို ဒီမြဲမှော်က
ရေးကြီးခွင်ကျယ် လုပ်နေသည်။ မသိရင်
မိန်း အမေ သေရတာက လူမဟုတ်ဘဲ
အရုပ်ကလေး သေရတဲ့အတိုင်း။

ရယ်တော့ရယ်ရသား မိန်းကို မုန်းနေတဲ့ သူ့ကို
မိန်းက တစ်ဖက်သတ်ချစ်လာရတာ ခုနစ်တန်း
ကတည်းက။  အခုဆို ကျောင်းက
နောက်ဆုံးနှစ်ကိုမှ ပြီးဖို့ လပိုင်းပဲလိုတော့သည်။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now