P - 26 ( Zg + Uni) 💔💔💔

1.9K 72 2
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 26  }

" ဒါက ဘာဖြစ်နေကြတာလဲ...! 
ဟေ့ကောင် မင်းက ဘယ်သူလဲ..!  "

လျှင်မြန်တဲ့ ခြေလှမ်းတွေနဲ့အတူ အနားကို
ရောက်ချလာသော ဒီမြဲမှော်သည် မေးလည်းမေး
လက်တစ်ဖက်ကလည်း မုတ်သုံ ရဲ့ ကော်လံစကို
ဆောင့်ဆွဲထားပစ်လိုက်၏ ။

" နင် အခုလွှတ်နော် ဒီမြဲမှော်
သူက ငါ့ မိတ်ဆွေ "

ဒီမြဲမှော် အမေးကို မိန်းလင်းချယ်ရီ ပြန်လည်ဖြေကြား
ရင်း တစ်လက်စတည်း မုတ်သုံ ကော်လံစပေါ်က
ဒီမြဲမှော် လက်ကိုပါ ဆွဲဖယ်ချသွားခဲ့သည်။

" မိတ်ဆွေ ဟုတ်လား...!  မင်းလို ပုံတုံးမ ဆီမှာ
ယောင်္ကျားလေး မိတ်ဆွေ ရှိတယ်ပေါ့။
နောက်ပြီး မြင်မကောင်းအောင် ဖက်နေကြတာကရော
မိတ်ဆွေတွေပေါ့..! အဟက်  "

မိန်းကို နှာတစ်ချက်မှုတ်ပြီး လှောင်ရယ်သလို
ပြောသွားသော ဒီမြဲမှော် ကို ကြည့်ကာ
လူက အရမ်းစိတ်တိုသွားရသည်။

" အဲ့တာ နင့် အပူလား ဒီမြဲမှော်
မဟုတ်မှလွဲရော နင် ငါ့ကို သဝန်တိုနေတာတော့
မဟုတ်ပါဘူးနော် "

" မင်းကို ဒီ resort မှာ ဘယ်သူက နေခွင့်ပြု
လိုက်တာလဲ။ အခုချက်ချင်းပြန်
မင်းလို ဧည့်သည်ကို ငါ resort မှာ
မထားဘူး။ ဟေ့ကောင် ငါ ပြောတာကြားလား..? "

မိန်း မေးတာကို မဖြေဘဲ မုတ်သုံ ဘက် မြှားဦး
လှည့်သွားတာကြောင့် ကြားထဲကနေ
ဘာလုပ်ရမှန်းမသိတော့ပါ။

" အားတော့နာပါတယ် ကိုဒီမြဲမှော်
ကျတော် ဒီ resort မှာ တစ်လစာဘွတ်​ကင်
လုပ်​ထားပါတယ်။ဒီအတွက် ဆင်းမပေးနိုင်ပါဘူး။
ခင်ဗျားဝန်ထမ်းတွေဆီမှာ ကျတော် ငွေလည်း
တစ်ခါတည်း အပြတ်ချေပြီးသားပါ။ "

"  ဘယ်လောက်လဲ အဲ့တာ ပြန်အမ်းပေး
လိုက်မယ်..! "

" နိုးနိုး... ကျတော် လက်မခံနိုင်ဘူး ကိုဒီမြဲမှော်
ဒီ resort မှာ ကျတော် တစ်လစာ
ပေးပြီးသား ဖြစ်တဲ့အတွက် ဘယ်လိုမှ
ကျတော် cancel ပြန်လုပ်​မ​ပေးနိုင်ဘူး။ "

" ဒီမြဲမှော်...! "

လက်မောင်းကြောကြီးတွေ တင်းထောင်လာပြီး
မုတ်သုံကို ထိုးဖို့ လက်ရွယ်နေသဖြင့် မိန်း
အမြန်အော်ခေါ်လိုက်မိတော့သည်။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now