P - 17 ( Zg + Uni) 💔💔💔

2.1K 71 7
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 17  }

" ဆေးဘူးပေး... သနားလို့ ဒီဖိုး ငါရှင်း
ပေးမယ်။ "

" မလိုဘူး...  "

" ဘာ....!! "

မိန်း စကားအဆုံးမှာ အော်လိုက်သော
သူ့ အသံကြောင့် ဆေးဘူးကိုင်ထားတဲ့လက်က
တုန်သွားရသည်။

" ခုဏက မင်း ပြောတဲ့စကား ပြန်ပြောလိုက်စမ်း..!  "

ထပ်မံ မေးလာသော သူ့ စကားကြောင့်
မိန်း ပြန်လည် ရဲတင်းစွာနဲ့ ကြည့်ပေးလိုက်ပြီး.....

" မလိုဘူးလို့ ပြောလိုက်တာလေ....!
အဲ့ဒီအတွက် နင်ရဲ့ အားယားနေတဲ့
အချိန်တွေကို နင့် ကောင်မလေးတွေကိုသာ
သွားဂရုစိုက်ပေးလိုက်..! ငါ့ အနားကို
လာစရာ မလိုဘူး။ ဘာအကြောင်း
ညာအကြောင်းမှ ပြောစရာလည်းမလိုသလို
ဘာမှလည်း ပေးစရာ မလိုဘူး။
နင့်ကို မြင်တာနဲ့ ငါ့ကိုယ်ငါ မသတီဖြစ်မိလို့ "

" တောက်စ်....!  "

ဒီမြဲ စိတ်တွေတိုကာ သူ တောက်စ်ခေါက်ရုံ
ရှိသေး မိန်းလင်းချယ်ရီ က ကောင်တာဆီကို
ရောက်သွားခဲ့ပြီလေ။

သူသာ တစ်ယောက်တည်း နေရာမှာတင်
ရပ်ကျန်ခဲ့ပြီး စိတ်တွေတိုနေခဲ့တာ။

တောက်စ်.. ဒီမိန်းမက ဒီလို အကျင့်ရှိတတ်တာကို
သိရဲ့သားနဲ့ သူကိုယ်တိုင်ကိုက အမှတ်မရှိစွာနဲ့
သွားပြောမိတာ။

လည်ပင်းက သူ လုပ်ထားတဲ့ အရာတွေကို
မြင်ပြီးလည်း အခုလို သူ့ ဘက်က
သွားပြီး စကားပြောမိတာ။

တကယ်ဆို မပြောဘဲ နေလိုက်ရမှာ။
အဲ့တာကို အမှတ်မရှိစွာနဲ့ သူကိုယ်တိုင်ကိုက
စောက်သုံးမကျတာ။ တစ်နေ့တည်းနဲ့
ဒီမိန်းမဆီက ကျေးစွပ်တာကို ခံလိုက်ရပြီ။

အလကား မိန်းမ...! သိပ်ကို ဘဝင်ဟပ်နေတဲ့
မိန်းမ။ ဒီတစ်သက် တည့်လိုက်ဖို့တော့
ူသူ့မှာ စိတ်ကူးမရှိဘူး။ မြင်လိုက်တာနဲ့တင်
သစ်ပစ်ချင်လောက်အောင် မုန်းသော မိန်းမက
သူ့ ဘဝမှာ မိန်းလင်းချယ်ရီ ဆိုတဲ့ ဒီမိန်းမ
တစ်ယောက်တည်းပဲ  ရှိသည်။

တစ်နေ့တည်းနဲ့ မိန်း သူ့ကို နှစ်ခါတောင် ပြတ်ပြတ်သား
သား လုပ်နိုင်ခဲ့ပြီလေ။

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now