P - 60 ( Zg + Uni)

1.3K 44 2
                                    

💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 60  }

သားလေးက အိပ်ပျော်သွား၍ မိန်းနဲ့ ဒီမြဲမှော်သာ
အပြင်ကို နှစ်ယောက်တည်း ထွက်လာလိုက်ရသည်။

ကားရပ်ကာ မိန်းနဲ့ ရန်ကုန်မြို့က platform
တွေပေါ် လမ်းလျှောက်ချင်တယ်ဆိုလာသော
ဒီမြဲမှော်ရဲ့ ဆန္ဒ​ကြောင့် မိန်း လိုက်လုပ်ပေးနေရသည်။

" သိလား မိန်းမိန်း..?  မိန်းမိန်း ကိုယ့်ကို
မှတ်မိသွားရင် ဒီလိုလေး ကိုင်ပြီး​လျှောက်​ဖို့
ကိုယ် တွေးထားခဲ့တာ။ "

မိန်း လက်ကို ကျစ်နေအောင် ကိုင်ပြီး
ပြောလာသော ဒီမြဲမှော် မျက်ဝန်းတွေက
ချစ်ခြင်းတွေ အပြည့်နဲ့ပေ။

" ဒီနေ့ ကိုယ် ဘာလုပ်လုပ် မိန်းမိန်း ငြိမ်ငြိမ်လေး
နေပေးနော်။ ကိုယ်မှာက အချိန်တစ်ရက်ပဲ
ရှိတော့။  "

လည်ပင်းတွေကို အကြောင်းမရှိ ပွတ်လာသူက
မိန်းဆီက အဖြေကို စောင့်စားနေဟန်။
ဒါပေမဲ့ သူ နာကျင်နေတယ်ဆိုတာ
မိန်း သူ့ မျက်လုံးတွေကို ကြည့်ရုံနဲ့
ကောင်းကောင်းကြီး သိသည်။

" အင်း ဒီမြဲမှော်.....မဟုတ်လည်း
တစ်ရက်တည်းပဲ။ အဲ့ဒီ တစ်ရက်လုံး
နင့် သဘောအတိုင်း ငါ လိုက်လုပ်ပေးမှာ။ "

" ကျေးဇူးပါ မိန်းမိန်းရယ်။ မိန်းမိန်း ကို
ကိုယ် တကယ် ကျေးဇူးတင်တယ်သိလား...?  "

လက်ကို ကိုင်ထားရင်းနဲ့ လက်ချောင်းချင်း
ယှက်ကိုင်လာတဲ့ သူ့ လက်တွေရဲ့
အထိအတွေ့က မိန်း ရင်ထဲကို တစ်မျိုးလေးပင်။

-
-
-
-
-
-
-
-

" ဒီကောင်က ရူးနေတာသိလား မိန်းမိန်း...?
မိန်းမိန်း ကို ပြောပြီး... ပြီးကျ ဒီနေရာမှာ
သဝန်တွေ တိုနေတာ။ ဒီနေရာလေးမှာ
ကိုယ်က မိန်းမိန်း ကို သဝန်တိုပြီး
စင်္ကြန်လမ်းမှာ တောင်လျှောက်မြောက်လျှောက်
ဖြစ်နေခဲ့တာ။ "

သူ့ resort က စင်္ကြန်လမ်းကို ပြပြီး
မိန်းအား သဝန်တိုခဲ့ပုံကို ဆန်မြှုပ်ပြန်ပြီး
ပြောပြနေတာကိုလည်း မိန်း
နားထောင်ပြီး ဘာဆိုဘာမှ အင်းအဲမလုပ်မိ။

" လာ မိန်းမိန်း ကိုယ်တို့ ဒီထဲပါ လျှောက်သွားကြရအောင်။
ကိုယ့် resort မှာ မိန်းမိန်း ခြေရာလေးတွေပါ
ကျန်နေအောင်လို့။ "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now