P - 3 ( Zg + Uni) 💔💔💔

2.2K 79 5
                                    


💔💔💔 ဆုံမှတ်တစ်ခု အလို 💔💔💔
Part { 3  }

" တော်တယ် ငါ့ သမီး... သမီးဆီက
ဒီလို အသံပဲ ဒယ်ဒီက အမြဲ ကြားချင်တာ "

" ဟုတ် ဒယ်ဒီ မိန်း ကြိုးစားပါ့မယ် "

" ဘာပဲဖြစ်ဖြစ်ပါ အခု သမီး ဆံပင်တိုသွား
ပေမဲ့ တည်ကြည်မြဲ ရဲ့ သားကို
သမီး အနိုင်ရလာခဲ့တဲ့အတွက်
ဒယ်ဒီ သိပ်ကို ကျေနပ်မိတယ်
နောက်တစ်ခါလည်း သမီး ဒီလိုပဲ
နိုင်နေရမယ်နော် "

" ဟုတ် ဒယ်ဒီ "

တကယ်တမ်း ဒီမြဲမှော် ကားကို မိန်း ခဲလုံးနဲ့
မထုချင်ပါ။ ဒါပေမဲ့ မိန်း ဆံပင်တွေ သူ
ကြောင့် ညှပ်လိုက်ရတာကို ဒယ်ဒီ သိသွားရင်
သူ့ကို သွားရှာပြီး ဒယ်ဒီ နဲ့ သူနဲ့ ရန်ဖြစ်နေမှာ
စိုးတာကြောင့် မိန်း အခုလို လုပ်လိုက်ရခြင်း
ဖြစ်သည်။

အခု မိန်း လုပ်လိုက်တာက ဒယ်ဒီ နဲ့ ဒီမြဲမှော်
ပြဿနာဖြစ်​တော့မယ့်​အ​ရေးမှ ကာကွယ်ပေးနိုင်ခဲ့ပြီ။

အနည်းဆုံးတော့ မိန်း လုပ်​လိုက်​တာက
နှစ်​ဖက်​စလုံးအတွက်​ အ​ကောင်းဆုံး​သော
နည်းလမ်းပါ။ ဒယ်ဒီ ဆီက ချီးကျူးသံကိုလည်း
မိန်း ကြားခဲ့လိုက်ရပြီလေ။

**********************

" မင်း အရမ်းညံ့တယ် ငါ့သား
တည်ကြည်မြဲ ရဲ့ သားလို့ မင်းကို
ပြောရမှာတောင် ငါ ရှက်တယ်
ဘာအတွက်ကြောင့် စည်သူလင်း
သမီး လုပ်တာကို မင်းက ခံလာရတာတုန်း "

" ကျတော် မရှူံးသေးပါဘူး ဒယ်ဒီ
သူ့ ဆံပင်တွေ ကျတော် လုပ်လို့
တိုသွားရတယ်လေ... ဒီတော့ ကျတော်
နိုင်ပါသေးတယ် "

" အဲ့တာနဲ့ပဲ မင်းက နိုင်တယ်ထင်တယ်ပေါ့
သူကြောင့် မင်း ကားဘယ်လောက်ထိ
စုတ်ပြတ်သတ်သွားလဲဆိုတာ
မင်း မသိဘူးလား... တော်..တော်
ငါ မင်းကို  မပြောချင်တော့ဘူး
ငါ ဂုဏ်ယူစရာကောင်းအောင်
မင်း တစ်ခုခုလုပ်ပါအုံး  ဒီမြဲ​မှော်
ကားပျက်လို့ ပြင်လိုက်ရတဲ့ တန်ဖိုးကို
ငါ နှမြောလို့ အခုလို ပြောနေတာ
မဟုတ်ဘူး မင်း ခံလာရလို့ ပြောနေတာ
ဒီကရှေ့လျှောက် မင်းခံလာရတာကို
ငါ မမြင်ချင်ဘူး မင်း သူ့ကို
ဘယ်လို အနိုင်ယူလိုက်တယ် ဟိုက
ဘယ်လို ရှုံးသွားလဲဆိုတာပဲ ငါ ကြားချင်တယ် "

 💔💔 ဆုံမှတ်တစ်ခုအလို 💔💔 ( ဒီမြဲမှော်+ မိန်းလင်းချယ်ရီ) Where stories live. Discover now